ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၅) အား ယနေ့ နေ့လယ် (၁၃:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ဦးထွန်းအုံ၊ ဒုတိယဥက္ကဋ္ဌ (၁)၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ(၂) မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ဥက္ကဋ္ဌ  ဦးသိန်းဟန်သူနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊မသန်စွမ်းကိုယ်စားလှယ်များက လူကိုယ်တိုင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် လူမှုရေးဝန်ကြီးများက Online မှလည်းကောင်း ပါဝင်တက်ရောက်ခဲ့ပါသည်။

အမျိုးသားကော်မတီဥက္ကဋ္ဌက အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံသည် မသန်စွမ်းသူများ လူ့အသိုက်အဝန်းအတွင်း အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်ရစေရေး အလေးထားဆောင်ရွက်နေကြောင်း၊ မိမိတို့ အမျိုးသားကော်မတီသည် မသန်စွမ်းသူများအားလုံး အကျုံးဝင်ပါဝင်နိုင်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ထောင်ရေးအတွက် ကြီးကြပ်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်အုပ်စုဝင်များသည် သဘာဝဘေးအပါအဝင် အရေးပေါ်အခြေအနေတစ်ရပ်ရပ် ကြုံတွေ့ရပါက ပိုမိုထိခိုက်ခံစားနိုင်ရသူများဖြစ်၍ မသန်စွမ်းသူများအရေးအား ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှ ပါဝင်ခွင့်ရရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်ကို အလေးထားပြီး ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထကောင်းများ ဖြစ်ပေါ်လာရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မသန်စွမ်းသူများ အများနည်းတူ ဆန္ဒမဲပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပံ့ပိုးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဥက္ကဋ္ဌက ဆက်လက်ပြောကြားရာတွင် မသန်စွမ်းသူများအား မသန်စွမ်းမှုအပေါ် အလေးပေးဆက်ဆံခြင်း ပုံစံမျိုးမဟုတ်ဘဲ တစ်ဦးတစ်ယောက်ခြင်း၏ စွမ်းဆောင်ရည်နှင့် ဂုဏ်သိက္ခာကို အလေးထားကာအားလုံးပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရေး ဆောင်ရွက်ကြစေလိုကြောင်း၊ မသန်စွမ်းသူများ အသက်မွေးဝမ်းကျောင်းပညာသင်ယူနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေး၊ မသန်စွမ်းမှတ်ပုံတင်ရရှိစေရေး စသည့်အရေးကြီးကိစ္စများအတွက်လည်း ဝန်ကြီးဌာနအသီးသီးက ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ အလုပ်ခန့်အပ်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝေပုံကျနှုန်းထားသတ်မှတ်အလုပ်ခန့်အပ်နိုင်ရေးအတွက်လည်း ညှိနှိုင်းဆွေးနွေးကြရမှာဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့်မှာ မသန်စွမ်းသူများဖြစ်ကြ၍ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ကြရာတွင် မသန်စွမ်းများပူးပေါင်းပါဝင်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒများ ရေးဆွဲချမှတ်ရာတွင် မသန်စွမ်းမှုဆိုင်ရာ အချက်အလက်များ တိကျမှန်ကန်စေရေးအတွက် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းများ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ရသည့် ဘေးသင့်ဒေသများမှ မသန်စွမ်းသူများအား မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ စိစစ်တင်ပြပေးမှုအရ လတ်တလောသက်သာချောင်ချိစေရေး ပံ့ပိုးကူညီမှုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မသန်စွမ်းသူများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးကူညီခြင်း၊ မသန်စွမ်းသူများအတွက် အခြေခံအခွင့်အရေးများဖြစ်သည့် အထူးပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ သဘာဝဘေးကြုံတွေ့ချိန်တွင် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေးတို့အားလည်း စနစ်တကျ ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အပါအဝင် မသန်စွမ်းအသင်းအဖွဲ့များ၊ မသန်စွမ်းသူများကိုယ်တိုင်လည်း ပါဝင်ပူးပေါင်းဆောင်ရွက်စေရေးတိုက်တွန်းလိုပါကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌ၊ဦးသိန်းဟန်သူ၊ ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ မသန်စွမ်းကိုယ်စားလှယ်များက ကဏ္ဍအလိုက် မသန်စွမ်းသူများအခွင့်အရေးအတွက် ဆောင်ရွက်နေမှုများ၊ တွေ့ကြုံနေရသော အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်မှုများအား တင်ပြဆွေးနွေးခဲ့ကြကာ အမျိုးသားကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR