ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂ၏ တတိယအဆင့်အမြင့်ဆုံးအရာရှိ (Under Secretary General)နှင့် လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဖြစ်သူ Mr. Tom Fletcher ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)၌ တွေ့ဆုံခဲ့ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ရစ်ခ်တာစကေး (၇.၇) အဆင့်ရှိ ငလျင်ဘေးသင့်ဒေသ များ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ငလျင်ဘေးသက်ရောက်သည့် ဒေသများရှိ အဆောက်အအုံ ပျက်စီးမှုများကြောင့် ပိတ်မိနေသူများရှာဖွေကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှ ကယ်ဆယ်ရေး အဖွဲ့အစည်းများရောက်ရှိနေသည့် အခြေအနေများ၊ အာဆီယံသဘာဝဘေး အရေးပေါ်ထောက်ပံ့ပို့ ဆောင်မှုစနစ်(Disaster Emergency Logistic System for ASEAN) နှင့် နိုင်ငံတကာမှ ငလျင်ဘေး တုံ့ပြန်ဆောင်ရွက်မှုအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့နေမှုအခြေအနေများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်မည့် အခြေအနေများကို ပြောကြားခဲ့ပါသည်။

ထို့နောက် လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး (Under Secretary General) ဖြစ်သူ Mr. Tom Fletcher က မိမိအနေဖြင့် ငလျင်ဘေးသင့်သူ မြန်မာပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်း၊ ကုလသမဂ္ဂတွင် ကဏ္ဍအလိုက် ကျွမ်းကျင် ဝန်ထမ်းများစွာရှိပါသဖြင့် မြန်မာနိုင်ငံသို့ စေလွှတ်ကူညီပေးရန်အသင့်ရှိပါကြောင်း၊ ယခုလာရောက် ရခြင်းသည် မြေပြင်အခြေအနေများကို သိရှိပြီးလိုအပ်သည့် အကူအညီများပေးနိုင်ရေး ဆွေးနွေးလို ခြင်းကြောင့်ဖြစ်ပါကြောင်း၊ လူသားချင်းစာနာမှုအကူအညီများ ပေးပို့လျက်ရှိပါကြောင်း၊ အကူအညီ များပေးအပ်ရာတွင် လူသားချင်းစာနာမှုအကူအညီဆိုင်ရာ အခြေခံမူများနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မူလတန်းကြိုကျောင်းမြေနေရာနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများကိုကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Michael Dunford အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မေတ္တာစိမ့်စမ်း မူလတန်းကြိုကျောင်း ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား များသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM) ၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. Iori Katoအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR