ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍  ညှိနှိုင်းအစည်းအဝေးကျင်းပ

မတ်လ ၂၅  နေပြည်တော်                                                                 

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ ရန်ပုံငွေစီမံခန့်ခွဲရေး အဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍  ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ     ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ မူလလုပ်ငန်းတာဝန်များ အရှိန်အဟုန်မပြတ် ဆက်လက်၍ ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခင်မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းများခေတ္တဆိုင်းငံ့ထားခဲ့ရပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ () နှစ်စီမံကိန်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းများ ကိုလည်းအရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဦးစီးဌာနများ အနေဖြင့် မည်သည့်လုပ်ငန်းများတွင် စိန်ခေါ်မှုများရှိနေသည်ကို ပြန်လည်သုံးသပ်ပြီး  ဖြေရှင်းရမည့်နည်းလမ်းများကိုဖော်ထုတ်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ပါဝင်အကြံပြုဆွေးနွေး နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မိမိတို့ဝန်ကြီးဌာနသည် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်ရသော ဌာနဖြစ်သဖြင့် ဆောင်ရွက်နေရသည့် လုပ်ငန်းများကို ရပ်တန့်၍မရပါကြောင်း၊ ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်တန့်နေသော လုပ်ငန်းများရှိပါကလည်း ပြန်လည်သုံး သပ်၍ နည်းလမ်းဖော်ထုတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် အတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်ညှိနှိုင်းကာ လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဥပဒေ၊နည်းဥပဒေများနှင့်အညီ အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဦးရဲမျိုးဝင်းက မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍  ယခင် ဖွဲ့ စည်းထားရှိခဲ့သည့် ကော်မတီ၊ အဖွဲ့များ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ ပါဝင်ဖွဲ့စည်းထားသော ဝန်ကြီးဌာန၊ လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့များ၏ ပါဝင်မှုအခြေအနေနှင့်  ယခုပြင်ဆင်ဖွဲ့စည်းလိုသည့် ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လမ်းညွှန်ဖြည့်စွက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

         

 

         

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR