ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် (၁၅-၁၀-၂၀၂၅)နေ့မှ (၁၇-၁၀-၂၀၂၅)နေ့အထိ ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိပါသည်။

အောက်တိုဘာလ (၁၅) ရက်နေ့တွင် အစည်းအဝေး ပထမနေ့အဖြစ် (၁၃)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးကို ကျင်းပရာ အာဆီယံအတွင်းရေးမှူးချုပ်  DR. KAO KIM HOURNနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ Senior Minister၊၊ First Vice President နှင့် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၏ အလှည့်ကျ ဥက္ကဋ္ဌ H.E. KITTE SANGAHAK BANDITH KUN KIM တို့က ကြိုဆိုနှုတ်ခွန်းဆက် စကားများပြောကြားကြပါသည်။

ယင်းနောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်အခြေအနေတုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက်လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀)(AADMER Work Program 2026-20230) ကိုမှတ်တမ်းဗွီဒီယိုဖြင့်မိတ်ဆက်ခဲ့ပြီးနောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်အခြေအနေတုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက်လုပ်ငန်းအစီအစဉ်(AADMER) အကောင်အထည်ဖေါ်ဆောင်ရွက်မှု နှစ်(၂၀)ပြည့်မှတ်တမ်းဗွီဒီယိုနှင့် အထိမ်းအမှတ်အာဆီယံမဂ္ဂဇင်းမှတ်တမ်းဗွီဒီယို၊ ကုလသမဂ္ဂ ဘေးန္တရာယ်ဆိုင်ရာထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံး (UNDRR) က ဝန်ကြီးများအဆင့်အစည်းအဝေးသို့ပေးပို့သော သတင်းစကားဗွီဒီယို၊ ကမ္ဗောဒီးယားနိုင်ငံ၏ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်မှတ်တမ်းတင် ဗွီဒီယိုတို့ကို ပြသပါသည်။

ဝန်ကြီးများအဆင့် အစည်းအဝေးကို ဆက်လက်ကျင်းပရာ အာဆီယံနိုင်ငံများအလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများက နိုင်ငံအလိုက်ဘေးအန္တရာယ်စီမံခန့်ခွဲလုပ်ဆောင်နေ မှုများကို ပြောကြားကြရာပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်အခြေအနေတုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက်(ASEAN Agreement on Disaster Management and Emergency Response - AADMER) ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ပြည့်ပြီဖြစ်ပါကြောင်း၊ အာဆီယံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ များအလိုက် ဖွဲ့စည်းထားရှိသော အသိုက်အဝန်း (၃) ခုတို့အနေဖြင့် မိမိတို့ တာဝန်ယူထားသည့် ကဏ္ဍနှင့် လုပ်ငန်းများကို ‌ဒေသတွင်းသဘာတူညီချက်များနှင့်အညီ စုစည်းညီညွတ်စွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေးနှင့်ယဉ်ကျေးမှုအသိုက်အဝန်းတွင်ပါဝင်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍သက်ဆိုင်ရာ နိုင်ငံအလိုက် ဝန်ကြီးဌာနများအကြား ပွင့်လင်းမြင်သာစွာနှင့် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အတွက် အနှစ် (၂၀) ကာလအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ  ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီး တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုများ၊ အာဆီယံနိုင်ငံများမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များလာရောက်ကူညီဆောင်ရွက်ပေးမှုများနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးပို့ခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် အဆိုပါကူညီမှုများသည် တစ်ခုတည်းသောအာဆီယံ၊ တစ်ခုတည်းသော တုံ့ပြန်မှု “ One ASEAN, One Response”မူကိုလက်တွေ့ပြသနိုင်ခဲ့မှုဖြစ်ပါကြောင်း၊ထို့အပြင် AADMER Work Programme 2021-2025 ပါလုပ်ငန်းများကိုလည်းအတူလက်တွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ ယခုဆိုရင် AADMER Work Programme 2026-2030ကိုအတည်ပြုပြီးဖြစ်သည့်အတွက် စီမံခန့်ခွဲဆောင်ရွက်မှု အစဉ်အလာကောင်းများ၊ အတွေ့အကြုံကောင်းများကို အသုံးချပြီး အရှိန်အဟုန်ဖြင့်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ပိုမိုဘေးကင်းလုံခြုံပြီး ဘေးအန္တရာယ်များမှ ခံနိုင်ရည်ရှိသော အာဆီယံ ဖြစ်လာစေရေး AADMER 2026-2030 အကောင်အထည်ဖော်ရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျှက်ရှိသည့် ဒုတိယဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် နိုင်ငံအလိုက်တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အဆိုပါ ဝန်ကြီးများ အဆင့်အစည်းအဝေးနှင့် ဆက်စပ်သည့် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ (၄၇) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကိုလည်း အောက်တိုဘာလ (၁၃)ရက်နေ့မှ (၁၄) ရက်နေ့အထိ ကမ္ဗောဒီးယားနိုင်ငံတွင်ပင် ကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအတွင်းရေးမှူးချုပ်DR. KAO KIM HOURN နှင့် သီးခြားတွေ့ဆုံ၍ ငလျင်ဘေးတုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင် ရွက်နေမှုများ၊ ဒေသတွင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ဆောင်နေမှုများကို အပြန်အလှန် အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR