ပူးပေါင်းဆောင်ရွက်ချက်များ

·         အာဆီယံ၏ ပင်မမဏ္ဍိုင် (၃)ရပ်ဖြစ်သည့် အာဆီယံလုံခြုံရေးအသိုက်အဝန်း ( ASEAN Security Community)၊ အာဆီယံစီးပွားရေးအသိုက်အဝန်း(ASEAN Economic Community)နှင့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း (ASEAN Socio-Cultural Community-ASCC) တို့အနက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များသည် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း၏ လုပ်ငန်းစဉ်များတွင်ပါဝင်ပါသည်။ အာဆီယံဒေသတွင်း သဘာ ဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ရန်အတွက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM) ကို (၂၀၀၃) ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ACDM သည် ဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် အာဆီယံလူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေးနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍများအားလုံးတွင် ပူးပါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆောင်ရွက်ရန်ဖြစ်ပါသည်။

·         သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများအား အဓိကတာ၀န်ယူဆောင်ရွက်လျက်ရှိသော လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအောက်ရှိ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် မြန်မာနိုင်ငံကိုယ်စား ACDM တွင် အဓိက ဆက်သွယ်ဆောင် ရွက်လျက်ရှိပါသည်။ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ(ACDM) တွင် အဖွဲ့ ဝင်နိုင်ငံများသည် ACDM Senior Official Meeting- SOM Level အဆင့်မြင့်အရာရှိကြီးများ အဆင့်အစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများကို တစ်နှစ်လျှင် (၂)ကြိမ် အက္ခရာ စဉ်အရ နိုင်ငံအလိုက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ကျင်းပပြုလုပ်လျက်ရှိပါသည်။

·         မြန်မာနိုင်ငံသည် အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၀၉ ခုနှစ်တွင် (၁၃)ကြိမ်မြောက်အာဆီယံ သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများကို လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် (၃၄) ကြိမ်နှင့် (၃၅) ကြိမ်မြောက် အာဆီယံ သဘာဝ ဘေးစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးများနှင့် အခြားဆက်စပ်အစည်းအဝေးများ၊ (၇) ကြိမ် မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး နှင့် အခြားဆက်စပ်အစည်းအဝေးများကိုလည်းကောင်း လက်ခံကျင်းပပြုလုပ်ခဲ့ပါသည်။

သဘာဝဘေးစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူစာချုပ် (ASEAN Agreement on Disaster Management and Emergency Response - AADMER)

·         သဘာဝဘေးစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူစာချုပ် (ASEAN Agreement on Disaster Management and Emergency Response - AADMER) ကို ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံများက သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပါသည်။

·         အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM) သည် AADMER ပါ ကတိကဝတ်များကို အကောင်အထည်ဖော်ရန် အဓိကတာဝန်ရှိပါသည်။

·         AADMER သဘောတူစာချုပ်ပါကတိကဝတ်များကို အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်း အစီအစဉ် Work Programme ကို (၂၀၁၀-၂၀၁၅) ခုနှစ်အတွက် တစ်ကြိမ်၊ (၂၀၁၆-၂၀၂၀) ခုနှစ်အတွက်တစ်ကြိမ် ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။ လက်ရှိတွင် AADMER လုပ်ငန်းအစီ အစဉ် (၂၀၂၁-၂၀၂၅)ကို ရေးဆွဲထားပြီးဖြစ်ရာ အဆိုပါလုပ်ငန်းအစီအစဉ်အရ ဦးစားပေးအစီ အစဉ်(၅)ရပ်ကို အကောင်အထည်ဖော်လျက်ရှိပါသည်။ ၎င်းဦးစားပေးအစီအစဉ်များကို အ ကောင်အထည်ဖော်ရာတွင် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လုပ် ငန်းအဖွဲ့ (၃)ဖွဲ့ ဖွဲ့ထားပါသည်။ ၄င်းလုပ်ငန်းအဖွဲ့များမှာ (၁) ကြိုတင်ကာကွယ်ရေးနှင့် ဘေးလျော့ပါးစေရေးလုပ်ငန်းအဖွဲ့၊ (၂) ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၊ (၃)ကမ္ဘာ့အဆင့်ဦးဆောင်မှုလုပ်ငန်းအဖွဲ့ဟူ၍ ဖြစ်ပါ သည်။  အဆိုပါလုပ်ငန်းအဖွဲ့များအနက် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့က ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာ၀န်ယူ၍ လုပ်ငန်းအစီအစဥ်များ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကြိုတင်ကာကွယ်ရေးနှင့် ဘေးလျော့ပါးရေးလုပ်ငန်းအဖွဲ့နှင့် ကမ္ဘာ့အဆင့် ဦးဆောင်မှုလုပ်ငန်းအဖွဲ့များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ပါသည်။

·         မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဆင့်တွင် ပြန်လည်ထူထောင်ရေးဆိုင်ရာ အာဆီယံကိုးကား ချက်လမ်းညွှန်ကို ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ပထမဦးဆုံး အတည်ပြုထုတ်ပြန်နိုင်ခဲ့ပါသည်။

အာဆီယံ သဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးရန်ပုံငွေ (ASEAN Disaster Management and Emergency Relief- ADMER Fund)တည်ထောင်ခြင်း

·         AADMER သဘောတူညီစာချုပ်ပါ အပိုဒ်(၂၄)အရ  အာဆီယံ သဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးရန်ပုံငွေ (ADMER Fund) တစ်ရပ်ကို ထူထောင်ထားရှိပါသည်။

·         စာချုပ်ပါအဖွဲ့ဝင်နိုင်ငံများသည် ADMER Fund အတွက် ထည့်ဝင်ရမည့်ငွေပမာဏကို စေတနာအလျှောက် ထည့်ဝင်ရန် သတ်မှတ်ထားပြီး မြန်မာနိုင်ငံသည် ADMER Fund သို့ သဒ္ဒါကြေးထည့်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မှစ၍ နှစ်စဉ်ပေးသွင်းလျက်ရှိပါသည်။

သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on disaster management-AHA Centre)

·         AADMER သဘောတူစာချုပ်၏ အခန်း(၂၀)ပါ ပြဋ္ဌာန်းချက်အရ  အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (ASEAN Coordinating Centre for Humanitarian Assistance on disaster management-AHA Centre) ထူထောင်ရေးဆိုင်ရာ သဘောတူစာချုပ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ လက်မှတ်ရေးထိုးအတည်ပြု၍ စတင်ထူ ထောင်ခဲ့ပါသည်။ AHA Centre ထူထောင်ခြင်း၏ ရည်ရွယ်ချက်မှာ သဘာဝဘေးစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုများတွင် ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်နှင့် ကုလသ မဂ္ဂအဖွဲ့ဝင်နိုင်များ၊ အလှူရှင်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အာဆီယံနိုင်ငံများ အကြားညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးရန် ဖြစ်ပါသည်။

·         AHA Centre ၏လုပ်ငန်းများလည်ပတ်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှစ်စဉ် ရန်ပုံငွေများထည့်ဝင်လျက်ရှိရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၃၀၀၀၀) နှုန်းဖြင့် ၂၀၁၂ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လည်းကောင်း၊ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၅၀,၀၀၀) နှုန်းဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိလည်း ကောင်း ထည့်ဝင်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာ (၉၀၀၀၀) ထည့်ဝင်ပေးလျက် ရှိပါသည်။

·         ရန်ပုံငွေထည့်၀င်ခြင်းဖြင့် အဖွဲ့၀င်နိုင်ငံတစ်နိုင်ငံတွင် အရေးပေါ်အခြေအနေဖြစ်ပွားပါက အဖွဲ့၀င်နိုင်ငံများ၏သဘောတူညီမှုဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ထောက်ပံ့ပေးခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဆောင်ရွက်နေရသူ များအား စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများပေးခြင်းနှင့် လိုအပ်သည့်အရင်းအမြစ် များ ရရှိနိုင်ရန်ညှိနှိုင်းပေါင်းစပ်ပေးခြင်း စသည့် အကျိုးကျေးဇူးများရရှိပါသည်။ ထို့အပြင် ဘေးအန္တရာယ်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ လိုအပ်သည့် ဆန်းစစ်လေ့လာမှုများနှင့် အရေး ပေါ်တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေး အဖွဲ့ ASEAN-Emergency Response and Assessment Team (ASEAN-ERAT)ကိုလည်း ဒေသတွင်းအဆင့်တွင် ဖွဲ့စည်းထားပါသည်။ အာဆီယံနိုင်ငံများအတွင်း ဘေးအန္တရာယ်ကျ ရောက်သည့်အချိန်များတွင် အရေးပေါ်လူသားချင်းစာနာမှု အကူအညီများပံ့ပိုးပေးနိုင်ရေးနှင့် ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်နိုင်ရေးအတွက် ASEAN-ERAT အဖွဲ့ကို ဘေးဖြစ်ပွား ရာနိုင်ငံသို့ အချိန်နှင့်တစ်ပြေးညီစေလွှတ်ပေးလျက်ရှိပါသည်။

·         ထို့အပြင် အာဆီယံဒေသတွင်း ဘေးအန္တရာယ်များဖြစ်ပွားပါက ကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရန်အတွက် Disaster Emergency Logistic System for ASEAN- DELSA ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် စတင် အကောင်အထည်‌ဖော်ဆောင်ရွက်ခဲ့ပါသည်။ DELSA စီမံကိန်းအရ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများကို မလေးရှားနိုင်ငံ၊ ဆူဘန်းမြို့တွင် ဗဟိုသိုလှောင်ရုံတစ်ခုဖွင့်လှစ်၍ သိုလှောင် ထားပြီး အရန်သိုလှောင်ရုံများကို ထိုင်းနိုင်ငံ၊ ချိုင်းနတ်ခရိုင်နှင့် ဖိလစ်ပိုင်နိုင်ငံ၊ ကွာဇုန်မြို့ (Quezon City) တို့တွင် အသီးသီးတည်ဆောက်၍ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိပါသည်။

·         အာဆီယံဒေသတွင်းနဲ့ အာဆီယံပြင်ပဒေသများတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အရေး ပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အာဆီယံနိုင်ငံခြား ရေး၀န်ကြီးများက တစ်ခုတည်းသောအာဆီယံ၊ တစ်ခုတည်းသောတုံ့ပြန်မှု ကြေညာစာတမ်း (Declaration on One ASEAN, One Response) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော (၂၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါသည်။ အဆိုပါကြေညာစာတမ်းကို အကောင်အထည်ဖော် နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနများသည် AHA Centre နှင့်ပူးပေါင်း၍ လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။


MOS

DSW

DDM

DOR