ပူးပေါင်းဆောင်ရွက်ချက်များ

UNICEF အဖွဲ့သည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစနစ်အောက်တွင် ကလေး သူငယ်များအား အကြမ်းဖက်မှုမှ  ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက်  Case Management သင်တန်းများဖွင့်ပေးခြင်း၊ လိုအပ်သော နည်းနစ်များအား ပံ့ပိုးပေးခြင်းများ ပူးပေါင်း ဆောင်ရွက် လျက်ရှိပါသည်။ ထို့ပြင် လူမှုဝန်ထမ်းဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာနည်းဥပဒေ(မူကြမ်း) ရေးဆွဲရေးတွင် Unicef အထောက်အပံ့ဖြင့် International Consultant အဖြစ် International Development Law Organization (IDLO) အဖွဲ့မှ တစ်ဦး၊ National Consultant အဖြစ် ဉီးကျော်စိန်(ဥပဒေအကြံပေး)၊ ဒေါ်ရူပါမြ (ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ငြိမ်း)၊ ဉီးမျိုးမြင့်ထွန်း (NCRC အဖွဲ့ဝင်) တို့ဖြင့် ပူးပေါင်းရေးဆွဲဆောင်ရွက်လျက် ရှိပါသည်။ လူမှုဝန်ထမ်းဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် အမျိုးသားအဆင့်ကလေးသူငယ်ကာကွယ် ဆောင် ရွက်ရေးဆိုင်ရာမူဝါဒအား ရေးဆွဲရာတွင် Unicef Myanmar, Child Frontier, National Consultants တို့ဖြင့် ပူးပေါင်းရေးဆွဲလျက်ရှိပါသည်။

လူမှု၀န်ထမ်းဦးစီးဌာနသည် လုပ်ငန်းများပိုမိုအောင်မြင်စေရန် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်း (၂၇) ဖွဲ့နှင့် နားလည်မှုစာချွန်လွှာ (MoU) အားလည်းကောင်း၊ အဖွဲ့အစည်း (၂) ဖွဲ့နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ (LTA) အား လည်းကောင်း၊  အဖွဲ့အစည်း (၂) ဖွဲ့နှင့် သဘောတူညီမှုစာလွှာ (LoA) အားလည်းကောင်း ၊  အဖွဲ့အစည်း (၂) ဖွဲ့နှင့် စီမံကိန်းသဘောတူစာချုပ် Project Agreement အား လည်းကောင်း၊   အဖွဲ့အစည်း (၁) ဖွဲ့နှင့် လုပ်ငန်းအစီအစဉ် Workplan Agreement အား လည်းကောင်း လက်မှတ်ရေးထိုးပြီး လုပ်ငန်းများလက်တွဲပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ 

အမေရိကန်နိုင်ငံအခြေစိုက် World Vision အဖွဲ့သည် ရပ်ရွာအခြေပြုလူမှုဖွံ့ဖြိုးရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ (၂၂,၈၈၈,၆၄၈) သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၃၀.၃.၂၀၁၈) နေ့တွင် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး ခဲ့ပြီးနားလည်မှုစာချွန်လွှာပြင်ဆင်ဖြည့်စွက်ချက်အား (၁၈-၃-၂၀၂၀) ရက်နေ့တွင် ထပ်တိုး စီမံကိန်း ရန်ပုံငွေ  ၀.၃၇၅ သန်း ဖြင့် လက်မှတ်ရေးထိုးခဲ့ပါသည်။

အင်္ဂလန်နိုင်ငံအခြေစိုက် Save the Children အဖွဲ့သည် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ခြင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ စီမံအုပ်ချုပ်ခြင်း၊ ပညာရေး၊ အာဟာရနှင့် အသက်မွေးဝမ်းကြောင်း၊ ဘက်ပေါင်းစုံ အရေးပေါ်ကာလများ တုန့်ပြန်မှု စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၂၉.၄၅၀၁ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၉.၇.၂၀၁၈) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ် ရေးထိုးခဲ့ပါသည်။

ဗြိတိန်နိုင်ငံအခြေစိုက် Help Age International (Myanmar) သည် လူမှုကာကွယ် စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ သက်ကြီးရွယ်အိုများနှင့်အခြားထိခိုက် လွယ်သောအုပ်စုများ၏ ဆင်းရဲမှုလျော့နည်းသက်သာစေရေး ဆောင်ရွက်ပေးသော စီမံကိန်း အား အကောင်အထည်ဖော်ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ (၉) သန်း၊ စီမံကိန်းကာလ (၅) နှစ်ဖြင့် (၂၀.၇.၂၀၁၅) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး  နားလည်မှုစာချွန်လွှာပြင်ဆင်ဖြည့်စွက်ချက်အား (၁၇.၁၀.၂၀၁၆) ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ပါသည်။

အမေရိကန်နိုင်ငံအခြေစိုက် Mercy Corps သည် မြန်မာနိုင်ငံတွင် ထောက်ပံ့ကူညီမှု လိုအပ်နေသော ရပ်ရွာလူထုအား လူထုအခြေပြုဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ပေးခြင်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၉.၅ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၁၂.၇.၂၀၁၇) ရက်နေ့တွင် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့ပြီး (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် ထပ်တိုးစီမံကိန်းရန်ပုံငွေ (၁.၅) သန်းဖြင့် နားလည်မှုစာချွန်လွှာပြင်ဆင်ဖြည့်စွက်ချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။

ဂျပန်နိုင်ငံအခြေစိုက် AAR Japan သည် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအတွက် အလုပ်အကိုင်ရရှိရန် ပံ့ပိုးမှုများ ပိုမိုအားကောင်းလာစေရန်၊ ကရင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၏ လူနေမှုပတ်ဝန်းကျင် တိုးတက်မြင့်မားလာစေရန် ဆောင်ရွက်ပေးခြင်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁.၅၉၃၀ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၉.၄.၂၀၁၈) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပြီး နားလည်မှုစာချွန်လွှာပြင်ဆင်ဖြည့်စွက်ချက်အား (၃၀.၅.၂၀၂၀) တွင် ထပ်တိုး စီမံကိန်းရန်ပုံငွေ (၀.၂၇၁၆) သန်းဖြင့် လက်မှတ်ရေးထိုးခဲ့ပါသည်။

အိုင်ယာလန်နိုင်ငံအခြေစိုက် Trocaire သည် အမျိုးသမီးများ စွမ်းပကားမြှင့်တင် ခြင်းစီမံကိန်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုစီမံကိန်း၊ သဘာဝသယံဇာတရင်းမြစ်ရပိုင်ခွင့်များစီမံကိန်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း တို့အား အကောင်အထည်ဖော်ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁၀.၅၉၃၀ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၂၂.၁.၂၀၁၈) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပါသည်။

အီတလီနိုင်ငံအခြေစိုက် New Humanity Myanmar သည် ထိခိုက်လွယ်သူများသို့ လူမှုရေးအကူအညီ ဆောင်ရွက်ပေးခြင်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁.၉ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၁၇.၅.၂၀၁၈) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပါသည်။

အမေရိကန်နိုင်ငံအခြေစိုက် World Education Inc; အဖွဲ့ သည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ မသန်စွမ်းသူများနှင့် အခွင့်အလမ်းနည်းပါးသော ကလေးလူငယ် လူရွယ်များအား ရပ်ရွာအခြေပြုပြန်လည်ပြုစုပျိုးထောင်ရေးနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်သင်တန်းများ ကူညီထောက်ပံ့ခြင်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အမေရိကန် ဒေါ်လာ ၁ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၇.၁၁.၂၀၁)ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပါသည်။

ဆွီဒင်နိုင်ငံအခြေစိုက် Diakonia သည် Genderနှင့်ပတ်သက်သော အသိပညာပေး ခြင်းဖြင့် အမျိုးသမီးနှင့်လူငယ်တို့၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၃ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၁၂.၃.၂၀၁၈) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပါသည်။

တောင်ကိုးရီးယားနိုင်ငံအခြေစိုက် Good Neighbors International သည် ကလေးသူငယ်ဦးတည်သော လူထုအခြေပြုဒေသဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၅ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၃၀.၄.၂၀၁၉) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပါသည်။

အမေရိကန်နိုင်ငံအခြေစိုက် Mines Advisory Group (MAG) သည် မြန်မာ နိုင်ငံအတွင်းရှိ မိုင်းအန္တရာယ်ကျရောက်နေခြင်းနှင့် မိုင်းအန္တရာယ်ရှိနေသော ပြည်သူများ အား လူသားချင်းစာနာထောက်ထားမှုဆောင်ရွက်မှုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် ရန် အမေရိကန်ဒေါ်လာ ၅ သန်း၊  စီမံကိန်းကာလ (၃) နှစ်ဖြင့် (၃၀.၃.၂၀၁၈) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပါသည်။

ဒိန်းမတ်နိုင်ငံအခြေစိုက် Danish  Refugee Council  (DRC) သည် မြေမြှုပ်မိုင်း အန္တရာယ် နှင့်ပတ်သက်သော အသိပညာပေးလှုံ့ဆော်ခြင်း၊ အမူအကျင့်ပြောင်းလဲစေရန် နှိုးဆော် ပေးခြင်းဖြင့်မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတို့ကို လျော့ကျစေခြင်း၊ မြေမြှုပ်မိုင်းရှိသည်ဟု သံသယဖြစ်ဖွယ်နေရာဒေသအားအကူကိရိယာမပါဘဲ သတင်းအချက် အလက် ကောက်ယူစုဆောင်းရန်အတွက် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက် ခြင်းဖြင့် မိုင်းအန္တရာယ်ကင်းသည့် မိုင်းပလပ်မြေဖြစ်စေရန် ပထမအဆင့် ဆောင်ရွက်ခြင်း၊ မိုင်းထိခိုက် ခံစားခဲ့ရသောသူများနှင့် မသန်စွမ်းသူများအားအသက်မွေးမှုနှင့် လူမှုစီးပွား တိုးတက်မှုဆိုင်ရာ အကူအညီပေးအပ်ခြင်း၊ ရပ်ရွာလူထု၏ အသိပညာနှင့် စွမ်းရည်တို့ကို မြှင့်တင်ခြင်းဖြင့် ကလေးသူငယ်များအား ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက် နာကျင်စေခြင်းနှင့် အခြားသော အန္တရာယ်ရှိသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေခြင်းတို့မှ ကာကွယ်နိုင်ရန် ဆောင်ရွက် ပေးခြင်းစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်အမေရိကန်ဒေါ်လာ ၄ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၃၁.၅.၂၀၁၈) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ် ရေးထိုးခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Community And Family Services International (CFSI) သည် လူမှုဝန်ထမ်းလုပ်ငန်း ပညာရေးစီမံချက် ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် အမေရိကန်ဒေါ်လာ ၅ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၄.၂.၂၀၁၆) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး (၃-၂-၂၀၂၀) တွင် စီမံကိန်းငွေ ၀.၈၀၁၆ သန်း၊ စီမံကိန်းကာလ (၆) လဖြင့် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။

အမေရိကန်နိုင်ငံအခြေစိုက် Population Services International သည် မြန်မာအမျိုးသမီးများအတွက်ကျန်းမာရေး၊ လူမှုဝန်ဆောင် မှုများနှင့်စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးရေးလုပ်ငန်းစီမံကိန်းကို   အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်  အမေရိကန်ဒေါ်လာ ၂ သန်း၊  စီမံကိန်းကာလ (၃) နှစ်ဖြင့် (၁၇.၃.၂၀၁၇) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပြီး နားလည်မှုစာချွန်လွှာပြင်ဆင်ဖြည့်စွက်ချက် အား (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် ထပ်တိုးရန်ပုံငွေ (၁) သန်းဖြင့် လက်မှတ်ရေးထိုးခဲ့ပါ သည်။

ချက်သမ္မတနိုင်ငံအခြေစိုက် People In Need  သည် ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစီမံကိန်းနှင့် အရပ်ဘက် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် သော အဖွဲ့အစည်းများ၏ စွမ်းရည်မြင့်မားရေးမြှင့်တင်ခြင်းစီမံကိန်းကို  အကောင်အထည် ဖော်ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ (၅) သန်း၊  စီမံကိန်းကာလ (၃) နှစ်ဖြင့် (၂၃.၅.၂၀၁၇) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပါသည်။ 

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Association Francois – Xavier Bagnound သည် အမျိုးသမီးနှင့် လူငယ်စွမ်းရည်မြှင့်တင်ရေးနှင့် ကျား/မ လူမှုရေးရာ တန်းတူညီမျှရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းကို  အကောင်အထည်ဖော်ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၃ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၁၂.၇.၂၀၁၇) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေး ထိုးခဲ့ပါသည်။ 

ဗြိတိန်နိုင်ငံအခြေစိုက် Voluntary Service Overseas သည် အမျိုးသမီးများ၏ ဖွင့်ဟ ပြောဆိုမှု အားကောင်းလာစေခြင်း၊ မသန်စွမ်းသူများ ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်မြှင့်တင် ပေးခြင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုအား ကောင်းလာစေရေး၊ လူငယ် ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၃.၁၁၀၀ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၈.၁၂.၂၀၁၇) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပါသည်။ 

အမေရိကန်နိုင်ငံအခြေစိုက် Community Partners Internationalအဖွဲ့သည် အမျိုးသမီးများအတွက်အမျိုးသမီးများနှင့်အတူ ရပ်ရွာ အထောက်အကူပြု ထူထောင်ခြင်း စီမံကိန်းကို   အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ (၁.၅) သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၁၂.၃.၂၀၁၈) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ် ရေးထိုးခဲ့ပါသည်။ 

တောင်အာဖရိကနိုင်ငံအခြေစိုက် Action Aid Myanmar သည် ကာကွယ် စောင့်ရှောက်ရန် လိုအပ်သော ပြည်သူများ၊ အမျိုးသမီးများ၊ လူငယ်၊ ဆယ်ကျော်သက်များနှင့် ကလေးသူငယ်များ၏ စွမ်းရည်မြှင့်တင်ရေး၊ အခြားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ စတင်ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်လျော့ကျမှုများ လျော့ကျအောင် ဆောင်ရွက်ပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်လျော့ကျမှု များပါဝင်ပတ်သက်နေသူများ အတွက် ကွန်ယက်များထူထောင်ပေးခြင်း စီမံကိန်းကို  အကောင်အထည်ဖော် ဆောင်ရွက် ရန် အမေရိကန်ဒေါ်လာ ၃ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၉.၇.၂၀၁၈) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပါသည်။ 

ဘယ်လ်ဂျီယန်နိုင်ငံအခြေစိုက် Care International Myanmar သည် အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေါင်းဆောင်မှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် ရန်အတွက်  အမေရိကန်ဒေါ်လာ ၂.၁ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၂၇.၁၁.၂၀၁၈) ရက်နေ့တွင် နားလည်မှု စာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပါသည်။ 

    ဗြိတိန်နိုင်ငံအခြေစိုက် Christian Aid သည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်မှု မြှင့်တင်ခြင်း တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ထိခိုက် လွယ်သူများ၊ ရွှေ့ပြောင်းနေထိုင်သူ များနှင့် အမျိုးသမီးများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၅ သန်း၊ စီမံကိန်း ကာလ (၂) နှစ်ဖြင့် (၁၈.၇.၂၀၁၇) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပါ သည်။ 

ဂျပန်နိုင်ငံအခြေစိုက် Japan Heart သည် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး၊ ရပ်ရွာအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး လုပ်ငန်းစီမံချက်၊ လူနေမှုအဆင့်မြင့်မားရေး၊ ဘဝလုံခြုံရေးအတွက် သက်မွေးပညာများပေး ခြင်း၊ မိသားစုဝင်များ၏ ပုံမှန်ဝင်ငွေရရှိရေး ဆောင်ရွက်ပေးခြင်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စီမံကိန်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁.၅) သန်း၊ စီမံကိန်း ကာလ (၃)နှစ်ဖြင့် (၁.၈.၂၀၁၆) ရက်နေ့ တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး အမြင်အာရုံမသန်စွမ်းသူများအား အသက် မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်း၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များအား ပညာရေးထောက်ပံ့ပေးခြင်း၊ မြောက်ဒဂုံမြို့နယ်ရှိ ပရဟိတဂေဟာတွင် စောင့်ရှောက်ထားသော ကလေးများအား ငွေကြေးထောက်ပံ့ပေးခြင်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက်  အမေရိကန်ဒေါ်လာ ၁.၅ သန်း၊  စီမံကိန်းကာလ (၃) နှစ်ဖြင့် (၂၀.၁၀.၂၀၂၀) ရက်နေ့တွင် နားလည်မှုစာချွန်လွှာအသစ်အား လက်မှတ်ရေးထိုးခဲ့ပါသည်။

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် The Foundation Terredes Hommes Switzerland သည် ကလေးသူငယ်အကာအကွယ်ပေးခြင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး၊ အရေးပေါ်အခြေအနေတွင် ကဏ္ဍစုံတုန့်ပြန်နိုင်ရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်  အမေရိကန် ဒေါ်လာ ၆.၃၀၁၀ သန်း၊ စီမံကိန်း ကာလ (၃) နှစ်ဖြင့် (၂၉.၇.၂၀၁၆) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ ပါသည်။ 

သြစတြေးလျနိုင်ငံအခြေစိုက် Child Fund Myanmar သည် လူထုအခြေပြု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ်ဗဟိုပြုလူမှု ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် အမေရိကန်ဒေါ်လာ ၃.၅ သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၂၁.၇.၂၀၁၆) ရက်နေ့ တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပါသည်။ 

ဒိန်းမတ်နိုင်ငံအခြေစိုက် DCA Myanmar (Dan Church Aid Myanmar) သည် မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပေါက်ကွဲပစ္စည်းများ၏ ခြိမ်း‌ခြောက်မှု အန္တရာယ်လျော့ချရေးလုပ်ငန်း စီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်  အမေရိကန်ဒေါ်လာ ၅ သန်း၊ စီမံကိန်းကာလ (၅) နှစ်ဖြင့် (၁၈.၆.၂၀၁၄) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ် ရေးထိုးခဲ့ပါသည်။ 

အမေရိကန်နိုင်ငံအခြေစိုက် Community Partners International သည် အမျိုးသမီး များအတွက် အမျိုးသမီးများနှင့်အတူ ရပ်ရွာအထောက်အကူပြုထူထောင်ခြင်း စီမံချက်ကို  အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်  အမေရိကန်ဒေါ်လာ  ၁.၅သန်း၊  စီမံကိန်း ကာလ (၃) နှစ်ဖြင့် (၁၂.၃.၂၀၁၈) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခဲ့ပါ သည်။

ပြင်သစ်နိုင်ငံအခြေစိုက် Triangle GH သည် မသန်စွမ်းသူများကို ဦးတည်သော အရပ်ဘက်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းမှ ပူးပေါင်းပါဝင်သော မြန်မာ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ခြင်း၊ ပူးပေါင်းပါဝင်သော လူမှုထောက်ပံ့မှုမှတဆင့် ထိရှလွယ်မြို့ပေါ်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် အလုပ်အကိုင်များ ပိုမို တိုးတက်လာရေး၊ ချင်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်သော ထိရှလွယ် ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုလျော့ချရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်  အမေရိကန် ဒေါ်လာ  ၁.၂၅၀ သန်း၊ စီမံကိန်းကာလ (၃)နှစ်ဖြင့် (၁၅.၁၁၂၀၁၆) ရက်နေ့တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။

အင်္ဂလန်အခြေစိုက် Plan International (Myanmar) သည် အစောပိုင်းကာလ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အသိပညာမြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်း၊ ကလေးဗဟိုပြု ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်း၊ ကလေးဗဟိုပြုအရေးပေါ် ဘက်စုံတုန့်ပြန်ဆောင်ရွက် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ (၁၂) သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၃၀.၈.၂၀၁၆) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာပံ့ပိုးမှုများဆောင်ရွက်ခြင်းစီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံကိန်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၃၃၁,၀၇၈)၊ စီမံကိန်းကာလတစ်နှစ်ဖြင့် (၁၈.၁၁.၂၀၂၀) ရက်နေ့တွင် သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။

အမေရိကန်နိုင်ငံအခြေစိုက် Latter-Day Saint Charities (LDSC) သည် မသန်စွမ်း များနှင့်မိဘများကလေးများအား လူသားချင်းကူညီစောင့်ရှောက်‌ရေး သောက်သုံးရေသန့်ရရှိ ရန် ဆောင်ရွက်ရေးစီမံချက်ကို ဆောင်ရွက်ရန်အတွက်  အမေရိကန်ဒေါ်လာ ၃.၅သန်း၊ စီမံကိန်းကာလ (၃) နှစ်ဖြင့် (၁၄.၇.၂၀၁၆) ရက်နေ့တွင် နားလည်မှုစာချွန်လွှာ  လက်မှတ် ရေးထိုးခဲ့ပြီး ယင်းစီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံကိန်း ငွေ (၀.၉၅) သန်း၊ စီမံကိန်း ကာလ (၂) နှစ်ဖြင့် သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုးရန် ဆောင်ရွက်လျက်ရှိပါသည်။

ဂျပန်နိုင်ငံနိုင်ငံ အခြေစိုက် The Nippon Foundation သည် မသန်စွမ်းသူများ ပံ့ပိုးပေးခြင်းဖြင့် မသန်စွမ်းသူများ၏အရည်အသွေးပိုမိုတိုးတက်လာစေရန်နှင့် အလုပ်အကိုင် အခွင့်လမ်းများပိုမိုရရှိစေရန် ဆောင်ရွက်ပေးသည့် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက်  စီမံကိန်းကာလ (၅) နှစ်ဖြင့် (၂.၁၂.၂၀၁၆) တွင် လုပ်ငန်းအစီအစဉ် (Workplan) လက်မှတ်ရေးထိုးခဲ့ပါသည်။

ဂျပန်နိုင်ငံနိုင်ငံအခြေစိုက် Kyoshin Company Limited သည် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် စီမံကိန်းကာလ (၃) နှစ်ဖြင့် (၂၉.၇.၂၀၂၀) ရက်နေ့တွင် နည်း ပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။

အမေရိကန်နိုင်ငံအခြေစိုက် Care Support Clover သည် ဂျပန်နည်းစနစ်ဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ သူနာပြုအကူနည်းပညာများ သင်ကြားနိုင်ရန် ဂျပန် နိုင်ငံသို့ ပညာသင်စေလွှတ်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် စီမံကိန်းငွေ (၃၇၀၉၀၀)၊ စီမံကိန်းကာလ (၁) နှစ်ဖြင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ   လက်မှတ်ရေးထိုးခဲ့ပါသည်။

အမေရိကန်နိုင်ငံအခြေစိုက် World Learning သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်း များအား အင်္ဂလိပ်ဘာသာစကားအရည်အသွေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားလာစေရေးစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံကိန်း ကာလ (၂) နှစ်ဖြင့် (၂၂.၁၀.၂၀၁၈) ရက်နေ့တွင် စီမံကိန်းသဘောတူစာချုပ်လက်မှတ်ရေးထိုး ခဲ့ပြီး  ယင်းလုပ်ငန်းစီမံကိန်းအား ထပ်မံဆောင် ရွက်ရန်အတွက် ( ၂၅.၇.၂၀၂၀)  ရက်နေ့တွင် စီမံကိန်းကာလ (၁) နှစ်ဖြင့် စီမံကိန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါသည်။

အမေရိကန်နိုင်ငံအခြေစိုက် American Refugee Committee သည် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူယ်များ၏ ကျန်းမာ ရေးနှင့် လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ဆောင်ရွက်ပေးသည့် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စီမံကိန်းငွေ (၁)သန်း၊ စီမံကိန်းကာလ(၁)နှစ် ဖြင့် စီမံကိန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါသည်။



MOS

DSW

DDM

DOR