လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးမြင့်နိုင်၊အမှတ်(၅)မဲဆန္ဒနယ်ရခိုင်ပြည်နယ်၊  
“ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများ တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားသည့် ကိုရိုနာ ဗိုင်းရပ်စ် Covid-19 ရောဂါကာကွယ်ရေးအတွက် မည် သည့်အစီအမံများ ထားရှိပြီး တိုက်ပွဲရှောင်များ အဆင်ပြေ စေရေး၊ စားဝတ်နေရေးအတွက် မည်သို့ဆောင်ရွက် ပေးထားသည်ကို သိရှိလိုခြင်း။


အမှတ်စဉ်(၁) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ဆက်လက်ထားရှိသည့်     ရခိုင်ပြည်နယ်၊ အမှတ်(၅)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်၏   ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်း အဝေးမှ (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ဆက်လက်ထားရှိတဲ့ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်၏ “ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများ တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါကာကွယ်ရေး အတွက် မည်သည့်အစီအမံများ ထားရှိပြီး တိုက်ပွဲရှောင်များ အဆင်ပြေစေရေး၊ စားဝတ်နေရေး အတွက် မည်သို့ ဆောင်ရွက်ပေးထားသည်ကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ်ပြီး ကျွန်တော့အနေနဲ့ ရှင်းလင်း ဖြေကြားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power Point အသုံးပြုခွင့် ပြုနိုင်ပါရန်နှင့် အချက် အလက်များ ပြည့်စုံစွာ ဖြေကြားနိုင်ရေးအတွက် အချိန်ပိုမိနစ်အနည်းငယ်မျှ ထပ်ဆောင်းပေးနိုင် ပါရန်နှင့်တချို့နေရာများမှာ အင်္ဂလိပ်စာအသုံးအနှုန်းများသုံးစွဲခွင့်ပြုနိုင်ပါရန်တင်ပြအပ်ပါတယ်။

၃။ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးမြန်းချက်တွင် ပါရှိသည့်အတိုင်း လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 - COVID-19)ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ၂၀၂၀ပြည့်နှစ်၊မတ်လ(၁၁)ရက်နေ့မှာ သတ်မှတ်ကြေငြာ ထားပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့မှာ COVID-19 ရောဂါကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက် ရောဂါအဖြစ် အမိန့် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၂၀‌ ပြည့်နှစ်၊ မတ်လ(၂၃)ရက်နေ့မှာ COVID-19  ရောဂါကူးစက်ခံထားရသူ (၂)ဦး စတင်တွေ့ရှိခဲ့ပါတယ်။ 

၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၃)ရက်နေ့မှ ဇူလိုင်လ (၁၄)ရက် နေ့အထိ COVID-19 အတည်ပြုလူနာ (၃၃၇)ဦး၊ ကုသမှု ခံယူပြီး ရောဂါပိုးကင်းစင်လာသူ(၂၆၁)ဦး၊ သေဆုံးလူနာ(၆)ဦးရှိကြောင်း သိရှိရပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းမှာတော့ ကိုယ်စားလှယ်ကြီး ရှင်းသွားတဲ့အတိုင်းဘဲ ယနေ့ထိ COVID-19 ရောဂါအတည်ပြုလူနာ မတွေ့ရှိသေးပါ။

၅။ COVID-19 ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်တဲ့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ဒုတိယသမ္မတ (၁)က ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဖွဲ့စည်းပြီးကြေငြာချက်၊ ပန်ကြား ချက်များ ထုတ်ပြန်ပြီး လုပ်ငန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ 

၆။ ဒါ့အပြင် COVID- 19 ရောဂါ အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် စေတနာ့ဝန်ထမ်း Volunteer များကို စနစ်တကျ လေ့ကျင့်ပါဝင်စေရန် ရည်ရွယ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီး အဆိုပါအဖွဲ့၏ ဦးဆောင်မှု၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့နှင့် စေတနာ့ ဝန်ထမ်းများ၏ ပူးပေါင်းကူညီမှုနဲ့လည်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။

၇။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီ (၆)ခုကို ဖွဲ့စည်းပြီး  လုပ်ငန်း တာဝန်များ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

၈။ ဥက္ကဋ္ဌကြီးခင်ဗျာ ဇူလိုင်လ(၁၁)ရက်နေ့စာရင်းများအရ ရခိုင်ပြည်နယ်မှာ IDPစခန်း (၁၈)ခုနှင့် ယာယီ တိုက်ပွဲရှောင်နေရာ (၁၇၃)ခုတို့မှာ အိမ်ထောင်စု (၄၀၂၈၅)စု၊ လူဦးရေ (၁၉၉၅၀၀) ကျော်တို့ နေထိုင်လျက်ရှိပြီးတော့မှ ကျောက်တော်မြို့နယ်အတွင်းမှာတော့ ပြည်နယ်အစိုးရက ဖွင့်လှစ်ထားတဲ့ စုရပ် စခန်း (၄)ခုနဲ့ တိုက်ပွဲရှောင် နေရာ (၁၂)ခုမှာ တိုက်ပွဲ ရှောင်ပြည်သူ (၁၁၁၈၀)ဦးတို့ ရောက်ရှိနေ ပါတယ်။ 

၉။ COVID-19 ရောဂါကာကွယ်ရေးအတွက် လိုအပ်ချက်များအနေဖြင့် လက်ရှိအချိန်မှာ တိုက်ပွဲရှောင် စခန်းများတွင် လူဦးရေထူထပ်စွာ နေထိုင်နေရသဖြင့် Social Distancing ဆောင်ရွက်ရန် အခက် အခဲရှိ တာတော့အမှန်ဖြစ်ပါတယ်။ COVID-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အခြား သက်ဆိုင်သော ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊စေတနာ့ဝန်ထမ်းများ၏ ညှိနှိုင်းပူးပေါင်း ပါဝင်မှုဖြင့် အတတ်နိုင်ဆုံး ကာကွယ်ထိန်းချုပ်မှုများဖြစ်တဲ့ လိုက်နာရန် (၄)ရပ်ကိုလည်း အသိပေး ဆောင် ရွက်လျှက်ရှိပါတယ်။ 

၁၀။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းပြီး တိုက်ပွဲရှောင်ပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိစေရေး လူမှုရေး၊ ကျန်းမာရေးဆိုင်ရာအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျောက်တော်မြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်း (၁၂)ခု အတွက် စုရပ်(၄)နေရာ သတ်မှတ်ပြီး အပတ်စဉ် တနင်္လာနေ့မှ စနေနေ့ အထိ ဆေးခန်းဖွင့်လှစ် ကုသပေးခြင်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကူးစက် ရောဂါဖြစ်ပွားမှုများအတွက် စောစီးစွာ သိရှိသတိပေးတုံ့ပြန် ဆောင်ရွက်ခြင်းစနစ်ဖြင့် ကူးစက် ရောဂါများ ကပ်အသွင်ဖြစ်ပွားမှုများကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အချိန်နှင့် တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်ခြင်း၊ စနစ်တကျ လက်ဆေးနည်းပညာပေးခြင်း၊ Covid-19 ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အသိပေးပိုစတာများ ကပ်ခြင်း၊ လက်ဆေး ဆပ်ပြာနှင့် Mask များ ထောက်ပံ့ခြင်း၊ တိုက်ပွဲရှောင် စခန်းများ၌ ပြည်ပမှ ပြန်လာသူများရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားနိုင်ရန် ချိတ်ဆက် စိစစ်ဆောင်ရွက်နေခြင်း၊ Quaratine Center များတွင် သီးခြားခွဲထား စောင့်ကြပ်ကြည့်ရှုခြင်း၊ ကျန်းမာရေးစစ်ဆေးပြီး သက်ဆိုင်ရာနေရာများသို့ ပြန်လည်စေလွှတ်ခြင်းများ ဆောင်ရွက်လျှက်ရှိပါတယ်။

၁၁။ ပြည်နယ်အစိုးရအဖွဲ့ဟာ တိုက်ပွဲရှောင်စခန်းတိုင်းတွင် စခန်းစီမံခန့်ခွဲရေးကော်မတီအပြင် စေတနာ့ ဝန်ထမ်းများ ဦးဆောင်တဲ့ အဖွဲ့ဝင် (၅)ဦးခန့်ပါဝင်တဲ့ လုပ်ငန်းအထောက်အကူပြု အဖွဲ့ (၃)ဖွဲ့မှ (၅)ဖွဲ့ အထိ ဖွဲ့စည်းပြီး Covid-19 ရောဂါကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။

၁၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနဟာ၂၀၂၀ပြည့်နှစ်၊ မတ်လ (၂၇)ရက်နေ့မှစ၍ ပြည်နယ်(၅)ခုမှာရှိတဲ့ IDP နှင့် တိုက်ပွဲရှောင်စခန်းများကို သွားရောက်ပြီး COVID-19 ရောဂါနှင့် ပတ်သက်၍ သတင်းအချက် အလက်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ကျောက်တော် မြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများတွင် Covid-19ရောဂါကာကွယ်ရေးနှင့် အသိပညာပေးရေး တို့အတွက်ကို အိမ်ထောင် စု (၂၈၂၄) စု၊ လူဦးရေ (၁၁၃၆၈) ဦးတို့အား ဆပ်ပြာတောင့်၊ Surgical Mask နှင့် အဝတ် Mask ၊ Thermal Sensor ၊ Hand Gel ၊ Hand Speaker ၊ Memory Stick ၊ ဆောင်ရန်/ ရှောင်ရန် အသိပေးနှိုးဆော်စာ Vinyl ၊ လက်ဆေး Basin များ၊ ထုံးအိတ်များကို မေလနှင့်ဇွန်လအတွင်း ထောက်ပံ့ပေးခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၁၃။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကျောက်တော်မြို့နယ်အတွင်းရှိ နေရပ် စွန့်ခွာ တိုက်ပွဲရှောင်သူများစားနပ်ရိက္ခာ ပြေလည်စေရေးအတွက်လည်း စားနပ်ရိက္ခာဖိုးနှင့် တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကနေစပြီးယခု  ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၁)ရက်နေ့ အတွင်း ကျပ်(၂၇၁)သန်းကျော် ထောက်ပံ့ခဲ့ပါတယ်။

၁၄။ ထို့အပြင် ICRC/ WFP အပါအဝင် UN/ INGO/ NGO အဖွဲ့အစည်းများကလည်း စားနပ်ရိက္ခာများ၊ အစားအသောက်မဟုတ်သည့်အသုံးအဆောင်ပစ္စည်းများ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးပစ္စည်း များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် တိုက်ပွဲရှောင်စခန်း များရှိ ပြည်သူများအား ထောက်ပံ့ပေးလျက်ရှိပါတယ်။

၁၅။ ထို့အပြင် IDP စခန်းနှင့် တိုက်ပွဲရှောင်စခန်းနေရာများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာလုပ်ငန်းများကို အရှိန်မြှင့်တင်၍ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်တဲ့ပစ္စည်းများဝယ်ယူထောက်ပံ့နိုင်ရန် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနကိုငွေကျပ် (၂.၁) ဘီလီယံ ကုန်ကျမည့် လုပ်ငန်းအစီအစဉ်ကို အမျိုးသားအဆင့် ဗဟို ကော်မတီကို တင်ပြခွင့်ပြုချက် ရယူပြီး အဆိုပါစခန်းများမှာ အဝတ်နှာခေါင်းစည်း၊ ဆပ်ပြာ၊ အိမ်ထောင်စုအလိုက် Hand Sanitizer ၊  စခန်းအလိုက်  Infrared Thermometer၊ ထုံးအိတ်၊ လက်ဆေးဘေစင်များနှင့် စခန်းများတွင် COVID-19 သံသယလူနာများ တွေ့ရှိက သီးခြားထား ရှိရန်ယာယီအဆောက်အဦများ ဆောက်လုပ်ရန် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိ ပါတယ်။

၁၆။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကျောက်တော်မြို့နယ် အပါအဝင် တင်ပြပါ မြို့နယ်(၆)မြို့နယ်မှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ရန်ပုံငွေနှင့် ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေတို့ပူးပေါင်းပြီး စုစုပေါင်း(၁.၆)ဘီလီယံ ကျော်ဖြင့်  စခန်းပေါင်း (၇)ခုကို တည်ဆောက်ပေးခဲ့ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့သည် ကျောက်တော်မြို့နယ်ကို ထပ်မံရောက်ရှိလာတဲ့ တိုက်ပွဲ ရှောင်ပြည်သူများ နေထိုင်နိုင်ရန်အတွက် လူနေအဆောက်အဦ တန်းလျား (၄)လုံးနှင့် ၂ ခန်းတွဲ အိမ်သာ(၁၆)လုံးကို (ငွေကျပ် ၈၈.၇၂၀ သန်းအကုန်အကျခံပြီး) ထပ်မံဆောက်လုပ်ရန်  စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

၁၇။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်လည်း ကျောက်တော်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာ အုပ်စုများမှာ ကိုယ်ဝန်ဆောင် မိခင်နှင့် သူတို့ကမွေးဖွားလာတဲ့ (၂)နှစ်အောက် ကလေး သူငယ်များကို ငွေကြေးထောက်ပံ့မှုအစီအစဉ်အရ အကျိုးခံစားခွင့် ရှိသူ(၁၃၃၆၅) ဦးနဲ့  အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးရွယ်အို လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ (၈၇၄)ဦးကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးလျှက်ရှိရာ ကန်စောက်ကယ်ဆယ်ရေးစခန်း၊ နေပူခံ တိုက်ပွဲရှောင်စုရပ်နှင့် ဝါးတောင် တိုက်ပွဲရှောင်စခန်းတို့မှာ ရောက်ရှိနေတဲ့ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး (၉၅)ဦး ကို (၃)လ တစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပါတယ်။ 

၁၈။ ဒီကိုဗစ်၁၉ကာလမှာလည်း  နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်း ဆောင်ရွက်တဲ့အခါမှာ Livelihood and Food Security Fund (LIFT Fund)နှင့် ပူးပေါင်းပြီးတော့မှ အပိုဆောင်း ထောက်ပံ့ငွေအနေနဲ့ အထက်ပါ MCCT ထောက်ပံ့မှုနှင့် လူမှုရေးပင်စင် ထောက်ပံ့မှုများမှာ ထပ်ဆောင်းထောက်ပံ့သည့် အစီအစဉ်အဖြစ် ထောက်ပံ့ပေးလျက်ရှိမှာ ကျောက်တော်မြို့နယ်မှ အကျိုးခံစားခွင့်ရှိသူ သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် သူတို့၏မွေးဖွားထားတဲ့ ကလေး၊ စုစုပေါင်း (၁၄၂၃၉)ဦးကို(၁)ဦးကို တစ်ကြိမ်အနေနဲ့ ကျပ် (၃၀,၀၀၀) နှုန်းနဲ့ ထောက်ပံ့ပေး လျှက်ရှိရာမှာ ကျောက်တော်မြို့နယ် အတွက် ကျပ်သိန်းပေါင်း (၄၂၇၁)သိန်း ထောက်ပံ့ပေးလျှက် ရှိပါတယ်။ ၁၉။ ဥက္ကဋ္ဌကြီးခင်များ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေ ဖြင့်လည်း  Covid-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်  COVID-19 Economic  Relief Plan- CERP နှင့်ပတ်သက်၍လည်း ကျွန်တော်တို့ဝန်ကြီးဌာနအနေနှင့် ထောက်ပံ့မှုတွေကို ရရှိထားပါတယ်။ ဒီထောက်ပံ့မှုတွေကတော့ အဓိကအားဖြင့် ရေရှားပါး ပြတ်လပ်တဲ့ဒေသမှာ သောက်သုံးရေများ သိုလှောင်ရန် ဖိုင်ဘာရေတိုင်ကီတွေ ထောက်ပံ့တာ တွေ IDP စခန်းများနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနေရာသစ်တွေမှာ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်တာတွေ IDP စခန်းများ နှင့်တိုက်ပွဲရှောင်စခန်း များတွင် နေထိုင်သူများအား အစားအသောက်ကုန် (၅)မျိုးဝယ်ယူရန် ကုန်ကျငွေကို အိမ်ထောင်စုအလိုက် ထောက်ပံ့ခြင်း၊ ဒါကတော့ တစ်ကြိမ်ကို  ၄၀၀၀၀ နှုန်းနဲ့ နှစ်ကြိမ်၊ ကျွန်တော်တို့ စုစုပေါင်း ၈၀၀၀၀ ကို ထောက်ပံ့မှာ ဖြစ်ပါတယ်။ ဒါတွေက ဒီဘက်ဂျက် ကာလ အတွင်းမှာ အပြီးထောက်ပံ့ပေးရမှာဖြစ်ပါတယ်။ ဒီ့အပြင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ မူလတန်းကျောင်းသို့ တက်ရောက်မည့် ကျောင်းသူ/သားတွေနှင့် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများရှိ အိမ်ထောင်စုများမှ မူလတန်း ကျောင်းသား/ သူများအတွက် ကျောင်းစိမ်းဝတ်စုံများ ထောက်ပံ့ခြင်းနှင့် Facility Quarantine Center အဖြစ် အသုံးပြုနိုင်တဲ့ Cyclone Shelter တွေ Multi-purpose Shelter တွေမှာ လက်ဆေးဘေစင်များဆောင်ရွက်ခြင်း အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထောက်ပံ့ရန်အစီအစဉ်ဖြစ်တဲ့ အသက်(၈၀)နှစ်မှ (၈၄) နှစ်ကြား သက်ကြီးရွယ်အိုများအား ထောက်ပံ့ခြင်း (ကျပ် ၃၀,၀၀၀ တစ်ကြိမ်သာ)၊ ဒါကတော့ ကျန်တော်တို့ ပထမနိုင်ငံတော်အစီအစဉ်ကတော့ လူမှုရေးပင်စင်ကိုအသက် ၈၅ နှစ်နဲ့ အထက် ကိုသာ ထောက်ပံ့တာ နိုင်ငံတော်ရဲ့မူလအစီအစဉ်ဖြစ်ပါတယ်။ အခုကိုဗစ်ကာလမှာကတော့ CERP အရ အသက် ၈၀ နှင့် ၈၄ နှစ်အကြား သက်ကြီးရွယ်အို တွေကိုအထူးထောက်ပံ့မှုအနေနဲ့ ကျပ် ၃၀၀၀၀ တစ်ကြိမ်ထောက်ပံ့မှာ ဖြစ်ပါတယ်။ မသန်စွမ်းသူများ အားထောက်ပံ့ခြင်းသူတို့ လည်း ကျပ်-၃၀၀၀၀  တစ်ကြိမ်ရရှိမှာဖြစ်ပါတယ်၊၊  အနာကြီးရောဂါ ခံစားနေရသူများကိုလည်း ထောက်ပံ့ပေးခြင်း သူတို့ကိုတော့ ကျပ် ၅၀၀၀၀ ထောက်ပံ့ပါမယ်။ မူလ MCCT ထောက်ပံ့မှု မရရှိ သေးတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ကို လည်း MCCT ပုံစံနဲ့ ထောက်ပံ့ခြင်းတွေကို ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါတွေအပေါ်မှာလည်း တင်ပြတောင်းခံခွင့်ပြုချက် ရရှိပြီးဖြစ်တဲ့အတွက် ကျောက်တော်မြို့နယ်အတွင်းမှာရှိတဲ့ အကျိုး ခံစားခွင့်ရရှိသူများကိုလည်း ဆက်လက်ထောက်ပံ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၂၀။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၊ COVID-19 ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ပြည်နယ်အဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့်စေတနာ့ဝန်ထမ်းများကလည်း ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိပြီး တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်သူများအတွက် ပုံမှန်ထောက်ပံ့မှုများအပြင် ကိုဗစ်-၁၉ ကာလ လိုအပ် ချက်များကို ဖြည့်ဆည်းပေးခြင်းတို့ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများ၊ အခြားဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်၏ ထပ်ဆင့်မေးခွန်း

မေးခွန်းနှင့်ဆက်စပ်ပြီးဖြေသွားတာကတော့ တိုက်ပွဲရှောင်စခန်းတွေက ကျောက်တော်မြို့တင် မဟုတ်ဘဲ ရခိုင်ပြည်နယ် ၁၁ မြို့နယ်တွင်ရှိနေပါတယ်။ ကျွန်တော်တို့မြို့နယ်မှာတော့ လောလောဆယ် ဦးတည်ပြီး မေးလိုက်တာပါ။ ဝန်ကြီး ၄၀၀၀၀ ကျော်ဘဲရှိတယ်လို ဖြေဆို သွားပါတယ်။ အပြင်စာရင်း အရဆိုရင်  ၂ သိန်းကျော်လောက်မှာရှိပါတယ်။ အဲဒီစခန်း တွေကော ဒုက္ခသည် စခန်းအနေနဲ့ အသိအမှတ်ပြုပါသလား။ ဆိုတဲ့မေးခွန်းကို မေးချင်ပါတယ်။ ဒီစခန်းတွေ မှာကော ရခိုင်ပြည်နယ်တစ်ခုလုံးကော လုပ်တာရှိပါသလား။ မေးချင်ပါတယ်။ ဒီတစ်ခေါက်အနေနဲ့ လွှတ်တော်ပိတ်တော့ ကျွန်တော်တို့ ကျောက်တော်ရောက်တဲ့အချိန်မှာ ဒုက္ခသည်စခန်းတွေကို ရောက်တဲ့အချိန်မှာ လှူထားတဲ့ ရေပုံးသာ တွေ့ပြီး ဆပ်ပြာလည်း တွေ့သော်လည်း ရေမရှိတဲ့အခါ လက်ဆေး၍ မရတဲ့အဆင့်မှာ ရှိပါတယ်။။ အဲဒါတွေအတွက် အသေအချာစီမံမှုများ ရှိပါသလား သိလို ပါတယ်။

ထပ်ဆင့်မေးခွန်းအပေါ် ဒုတိယဝန်ကြီးပြန်လည်ဖြေကြားချက်-

စောစောကလွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းချက်အား‌ ဖြေကြားချက်ထဲမှာလည်း ပါပါ တယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ၁ သိန်းကျော်ရှိတာမှန်ပါတယ်၊ ဖြေကြားချက်ပါ ဇူလိုင်လ (၁၁)ရက် အထိ စာရင်းများအရ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲရှောင်နေရာတွေမှာ ရောက်ရှိနေတဲ့ နေရာတွေမှာ  အားလုံး ပေါင်း IDP စခန်းကောဆိုရင် ၂ သိန်းလောက်ရှိပါတယ်။ စောစောကတင်ပြသည့် အထဲတွင် လည်းပါပါတယ်။ ကျောက်တော်တွင်တော့ ၁၀၀၀၀ ကျော်ရှိကြောင်းတင်ပြအပ်ပါတယ်၊ စောစော တင်ပြခဲ့ပြီးဖြစ်တဲ့ ထောက်ပံ့မှုတွေ ကိုဗစ် ၁၉ အရ ထောက်ပံ့မှုတွေအားလုံးဟာ အစီအမံတွေအားလုံးမှာ အကျုံးဝင်ပြီးဖြစ်ပါတယ်၊ လက်ရှိထောက်ပံ့မှုများအားလုံးဟာလည်း ရခိုင်ပြည်နယ်တစ်ခုလုံး အတွက်ကို တိုက်ပွဲရှောင်သူများအားလုံးအတွက် ကိုအကျုံးဝင်ကြောင်းတင်ပြအပ်ပါတယ်၊ ဆပ်ပြာနဲ့ ရေကိစ္စက အကျဉ်းချုပ်တင်ပြခြင်းသာ ဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်စခန်းမှာဆို တစ်လကို အိမ်ထောင်စုတစ်စုကို ဆပ်ပြာတောင့် တစ်ထောင့်နှုန်း(နှစ်ခဲပေါ့ခင်ဗျ)ဒါမျိုးကို ကျွန်တော်တို့ ဒီမှာ ထောက်ပံ့ပေးတာတွေရှိ ပါတယ်၊ နောက်တစ်ခုက ဘေစင်နဲ့ရေ ဒါကိုလည်း စောစောကတင်ပြခဲ့တဲ့ ၂.၁ ဘီလီယံ ထဲမှာလည်း ပါဝင်သလို ကိုဗစ်၁၉အရ ထောက်ပံ့မှုထဲမှာလည်းပါပါတယ်၊ IDP စခန်း များနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး နေရာသစ်များတွင်သောက်သုံးရေရရှိရေး လုပ်ငန်းဆောင်ရွက်ခြင်းဆိုတာ ပါပါတယ်၊ အဲဒီအတွက်ကို ကျွန်တော်တို့အဆင့်လိုက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဆက်လက် ၍လည်း ဆောင်ရွက်ပေးသွားမှာဖြစ် ကြောင်းတင်ပြအပ်ပါတယ်။


MOS

DSW

DDM

DOR