လွှတ်တော်အတွင်းဆောင်ရွက်ချက်များ




စဉ်

လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်

မေးခွန်းအကြောင်းအရာ

မှတ်ချက်

ဒေါက်တာ ခင်စိုးစိုးကြည်

ပြည်မဲဆန္ဒနယ်၊

ပဲခူးတိုင်းဒေသကြီး၊

လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မန္တလေး လူငယ် သင်တန်းကျောင်း၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်း လူငယ် သင်တန်းကျောင်းနှင့် သန်လျင်လူငယ် သင်တန်း ကျောင်းတို့တွင် လက်ခံထားရှိနိုင် သော သင်တန်းသား ဦးရေထက် နှစ်ဆကျော် ခန့် ပိုမိုများပြားနေခြင်းကို အမြန်ဆုံးမည် ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း။

ဒုဝန်ကြီးဖြေပြီး

(၄-၁၁-၂၀၁၉)

ဦးကျော်ရွှေ

ရမ်းဗြဲမဲဆန္ဒနယ်၊

ရခိုင်ပြည်နယ်။

ရမ်းဗြဲမြို့နယ်၊ သင်္ကနက်ကျေးရွာတွင် တည်ဆောက်ထားသော Cyclone Shelter အား ပြီးပြတ်အောင် တည်ဆောက် မပေးမှု နှင့် စပ်လျဉ်း၍ သိရှိလိုခြင်း ကြယ်ပွင့်ပြ မေးခွန်း။

ဒုဝန်ကြီးဖြေပြီး

(၁၉-၁၂-၂၀၁၉)

(ရခိုင်ပေါင်းစပ်)

 

ဒေါက်တာ သန်းအောင်စိုး၊

မင်းလှမဲဆန္ဒနယ်၊

ပဲခူးတိုင်းဒေသကြီး။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေးဝန်ကြီးဌာနက ဖွင့်လှစ်ထား သော မူကြိုကျောင်း များနှင့် ပြင်ပပုဂ္ဂလိက မူကြိုကျောင်းများတွင် သင်ရိုး ညွှန်းတမ်း စနစ်တကျရေးဆွဲထားခြင်း ရှိ/မရှိနှင့် ပြင်ပ မူကြိုကျောင်းများကို မည်သည့်ဌာနက၊ မည်ကဲ့သို့ ကြီးကြပ်ထိန်းသိမ်းဆောင်ရွက် နေပါသနည်းဆိုသည်ကို သိရှိလိုခြင်း။

ဒုဝန်ကြီးဖြေပြီး

(၁၉-၁၂-၂၀၁၉)

ဦးမြင့်လွင်

တွံတေးမဲဆန္ဒနယ်၊

ရန်ကုန်တိုင်းဒေသကြီး။

တွံတေးမြို့နယ်အတွင်းရှိ “အမျိုးသမီးများ ပြုစုစောင့် ရှောက်ရေးဌာန” အား အမျိုးသမီး များ ဘဝဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ သင်တန်း ကျောင်း တစ်ခုအဖြစ်သို့ ပြောင်းလဲဖွင့်လှစ် ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း။

(၁၅) ကြိမ်သို့ ဆက်ထား

ဒုဝန်ကြီး ဖြေပြီး

(၂၀-၂-၂၀၂၀)

 

အမှတ်စဉ်(၁)။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ဖြေကြားချက်

၁။      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လေ့လာတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြ ပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ် ပါတယ်။

၂။       ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စိုးစိုးကြည်၏ “လူမှု ဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းနှင့် သန်လျင်လူငယ်သင်တန်းကျောင်းတို့တွင် လက်ခံ ထားရှိနိုင်သော သင်တန်းသားဦးရေထက် နှစ်ဆကျော်ခန့် ပိုမို များပြားနေခြင်းကို အမြန်ဆုံးမည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ကျွန်တော်တို့ဝန်ကြီးဌာနနှင့် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးတို့၏ ဖြေကြားချက်ကို ကိုယ်စား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။   ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point အသုံးပြု ခွင့်ပြုပါရန်နှင့်     အချက်အလက်များ  ပြည့်စုံစွာဖြေကြားနိုင်ရေးအတွက် အချိန်ပိုမိနစ်အနည်း ငယ်ခန့် ထပ်ဆောင်းပေးပါရန် တင်ပြအပ်ပါတယ်။

၃။      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနသည် ကာကွယ်စောင့်ရှောက်မှုပေးရန်လိုအပ်သော ကလေးသူငယ်များ၊ ကလေးသူငယ် တရားရုံးများတွင် အမှုရင်ဆိုင်နေဆဲ ကလေးသူငယ်များ၊ ကလေးသူငယ်တရားရုံးများမှ အမိန့် ချမှတ်ပြီး အကျင့်စာရိတ္တပြုပြင်ရန် ပို့အပ်လာသော ကလေးသူငယ်များအတွက် လူငယ် သင်တန်းကျောင်းများကို ရန်ကုန်တိုင်းဒေသကြီးတွင် ()ကျောင်း၊ မန္တလေးတိုင်းဒေသကြီး တွင် ()ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ()ကျောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ()ကျောင်း၊ မွန်ပြည်နယ်တွင် ()ကျောင်း၊ စုစုပေါင်း (၁၀)ကျောင်း ဖွင့်လှစ်၍  လက်ခံ စောင့်ရှောက်ပေး လျက်ရှိပါတယ်။

၄။      ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် (၂၂/၂၀၁၉) ဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၃(ခ)တွင် ကလေးသူငယ်၏အသက်ကို အသက်(၁၈)နှစ် မပြည့်သေးသောသူဟု သတ်မှတ် ထားသဖြင့် လူမှုဝန်ထမ်းဦးစီးဌာနရှိ လူငယ်သင်တန်းကျောင်းများတွင် ကလေးသူငယ်ဦးရေကို ယခင်ကထက် ပိုမိုလက်ခံစောင့်ရှောက်ပေးနေရလျက်ရှိပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနရှိ လူငယ်သင်တန်းကျောင်း (၁၀)ကျောင်းအနက် စောစောက ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသွားသလိုပါပဲ     ငှက်အော်စမ်း၊ သန်လျင်နှင့်   မန္တလေးလူငယ် သင်တန်းကျောင်းအပြင် မော်လမြိုင်လူငယ်သင်တန်းကျောင်းတို့မှာလည်း ခွင့်ပြု ကလေး ဦးရေထက် ပိုမိုလက်ခံစောင့်ရှောက်ပေးနေရလျက်ရှိပါတယ်။

၅။      လူမှုဝန်ထမ်းဦးစီးဌာနရှိ လူငယ်သင်တန်းကျောင်းများတွင် ကလေးသူငယ်ဦးရေတိုးတက် များပြားလာမှုကြောင့် လူငယ်သင်တန်းကျောင်းသစ် ()ကျောင်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှာ တိုးချဲ့ဖွင့်လှစ်နိုင် ရေးအတွက် ဝန်ကြီးဌာနအနေနဲ့ နေပြည်တော်စည်ပင် သာယာရေးကော်မတီသို့ မြေနေရာရရှိရေးအတွက် လျှောက်ထားနိုင်ရေး စီမံဆောင်ရွက်လျှက် ရှိပါတယ်။ မြေနေရာရရှိလာမယ်ဆိုလို့ရှိရင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်မှာ ဆောက်လုပ်ခွင့် ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို့အတူပဲ သင်တန်းကျောင်းများ ဖွင့်လှစ်ခြင်း မ​ရှိသေး တဲ့ တိုင်းဒေသကြီး/ပြည်နယ်များမှာလည်း သင်တန်းကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၆။      ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၌ (၁)ထပ် ကျောင်းဆောင်သစ် (၄)ဆောင် ဆောက်လုပ်ခဲ့ပါတယ်။ ကျောင်းဆောင်သစ် တစ်ဆောင်တွင် သင်တန်းသား ကလေး (၆၀)ဦး ဝင်ဆံ့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုပါလူငယ်သင်တန်းကျောင်းရှိ ကလေး(၅၆၀)ဦးအနက်မှ ကလေး(၂၄၀)ဦးတို့ကို ကျောင်းဆောင်သစ် (၄) ဆောင်တွင် သီးသန့်ခွဲ၍ ထိရောက်စွာ စောင့်ရှောက်သွားနိုင်မှာ ဖြစ်ပါတယ်။

၇။      လတ်တလောဆောင်ရွက်မှုအနေဖြင့်လည်း ကျိုက်ဝိုင်းလူငယ်သင်တန်း ကျောင်းဝင်းအတွင်း မှာရှိတဲ့     ကျွန်တော်တို့  လူငယ်သင်တန်းသားတွေတက်ရောက်နေတဲ့ အ..က(၂၁) (၄)ထပ် ဆောင်မှာရှိတဲ့ လစ်လပ်နေသော ဒုတိယထပ်နှင့် တတိယထပ်တို့မှာ ဦးစီးဌာန၏ ဘတ်ဂျက် ရန်ပုံငွေ ကျပ်(၁၁.၁၈၄)သန်းဖြင့် ကလေးများ လုံခြုံမှုရှိစေရေးအတွက် လိုအပ်သည့် ပြင်ဆင်မှု များကို ဆောင်ရွက်ပြီးဖြစ်တဲ့အတွက် သန်လျင်လူငယ် သင်တန်းကျောင်းမှ အမှုရင်ဆိုင် နေရဆဲ ကလေးသူငယ် (၉၂)ဦးကို ပြောင်းရွှေ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

၈။      ထို့အပြင် သန်လျင်လူငယ်သင်တန်းကျောင်းမှ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် လမ်းပေါ်နေ ကလေးသူငယ် (၅၅)ဦးကိုလည်း ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ ပြောင်းရွှေ့စောင့်ရှောက်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။

၉။      လူမှုဝန်ထမ်းဦးစီးဌာနရှိ လူငယ်သင်တန်းကျောင်းများမှာ လက်ရှိ ဝန်ထမ်းဦးရေ ခန့်အပ်ထား နိုင်မှုအနေဖြင့် တင်ပြပါအတိုင်း ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းမှာ (၃၃)ဦး၊ မန္တလေးနှင့်

သန်လျင်လူငယ် သင်တန်းကျောင်းတို့မှာ (၂၃)ဦးစီတို့ ဖြစ်ပါတယ်။

၁၀။    လူငယ်သင်တန်းကျောင်းများတွင် လက်ခံစောင့်ရှောက်တဲ့ ကလေးသူငယ် ဦးရေ  တိုးတက် များပြားလာသည်နှင့်အမျှ   လက်ခံစောင့်ရှောက်တဲ့ ကလေးဦးရေနှင့် ပြုစုစောင့်‌ရှောက်တဲ့ ဝန်ထမ်းဦးရေ အချိုးမျှတစွာ ခန့်ထားနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ လက်ရှိအခြေအနေအရ သင်တန်းကျောင်းများမှာ လက်ခံနိုင်သည့် ကလေး ဦးရေထက် ပိုမို၍ လက်ခံစောင့်ရှောက်ပေးနေရတဲ့ အတွက် ဝန်ထမ်းဖွဲ့စည်းပုံအသစ်ကိုလည်း ဝန်ထမ်းအင်အား တိုးမြှင့် တောင်းခံနိုင်ရေးအတွက်ကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၁၁။    လတ်တလောအားဖြင့် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အခြားဌာနငယ်များမှ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ သန်လျင်လူငယ်သင်တန်းကျောင်းနှင့် မန္တလေးလူငယ် သင်တန်းကျောင်းတို့သို့ တွဲဖက်ဝန်ထမ်းစုစုပေါင်း (၁၁)ဦးကို တာဝန်ချထားပေးတဲ့အပြင် လုပ်အားပေး ဝန်ထမ်း စုစုပေါင်း (၁၄) ဦးကိုလည်း အသီးသီး ခန့်အပ်ပေးခဲ့ပါတယ်။

၁၂။     ထို့အပြင် သန်လျင်လူငယ်သင်တန်းကျောင်းဝင်းအတွင်း၌ ယခင်နှစ်များက ဆောက်လုပ်ဆဲ ဖြစ်နေတဲ့  (၄)ထပ် RC ကျောင်းဆောင်အသစ်ကို  ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်မှာ အမြန်ဆုံး ပြီးစီးအောင် ဆောက်လုပ်၍ အမှုရင်ဆိုင်ဆဲကလေးသူငယ်များကို လက်ခံစောင့်ရှောက် သွားရန် စီစဉ်လျက်ရှိရာ မကြာမီ လက်ရှိကလေးလူဦးရေ (၅၂၁)ဦးအနက်မှ ကလေး အင်အား (၂၄၀)ဦးခန့်ကို  သီးသန့်ထားရှိစောင့်ရှောက်သွားမှာဖြစ်ပါတယ်။ ဒီ (၄)ထပ် အဆောက်အဦ ဟာလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်နေတာဖြစ်တဲ့အတွက် အခု ဆောက်လုပ်ရတဲ့အပိုင်းတွေက ပြီးပြီးတော့မှ ဆေးသုတ်တဲ့အပိုင်း၊ ပြတင်းတံခါးအပိုင်းတွေ ဒါတွေပဲ ကျန်တဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုလည်း ဒီအဆောက်အဦနဲ့ ပတ်သက်ပြီး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ဖို့အတွက်ကိုလည်း တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၁၃။    မန္တလေးလူငယ်သင်တန်းကျောင်းတွင် အလှူရှင်၏ ဆောက်လုပ်လှူဒါန်းမှုဖြင့် ()ထပ် ကျောင်းဆောင်သစ်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် စတင်ဆောက်လုပ် လျက်ရှိရာ အဆောက်အဉီပြီးစီးပါက လက်ရှိကလေးဦးရေ (၄၇၈) ဦးအနက်မှ ကလေးအင်အား (၃၀၀) ခန့်ကို သီးသန့်ထားရှိစောင့်ရှောက်သွားနိုင်မှာ ဖြစ်ပါတယ်။

၁၄။    လူငယ်သင်တန်းကျောင်းများရှိ   ကလေးသူငယ်များ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ လည်း ဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေနှင့် သက်ဆိုင်ရာ ကျောင်းများ၏ အလှူရန်ပုံငွေများမှ သုံးစွဲ လျက်ရှိပြီး၊ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင်လည်း ဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေမှ ကျန်းမာရေး စရိတ်ငွေ (.)သန်းကျပ် ခွဲဝေရရှိပြီး ဖြစ်တဲ့အတွက် ကျန်းမာရေး စရိတ်များကို လူငယ်သင်တန်းကျောင်းများသို့ ခွဲဝေချထားပေးခြင်းအပြင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လက်ရှိတွင် သင်တန်းကျောင်းများ၏ ကလေး သူငယ်များ ကျန်းမာရေးစောင့်ရှောက်မှုအတွက် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် အချိန်မီ ဆေးဝါးကုသမှုခံယူစေလျက်ရှိသည့်အပြင် သင်တန်းကျောင်းများအလိုက် ဆေးခန်းဖွင့်လှစ်ပြီး ဆရာဝန်မှ လာရောက် ဆေးဝါးကုသမှုပေးနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက်ကိုလည်း ကျွန်တော်တို့ဝန်ကြီးဌာနမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ၂၀၁၉ ခုနှစ်၊ အောက်တို ဘာလ (၂၅)ရက်နေ့တွင် ညှိနှိုင်းဆောင်ရွက် ထားရှိကြောင်း တင်ပြအပ်ပါတယ်။

၁၅။    သို့ဖြစ်ပါ၍  လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ ကျွန်တော်တို့ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် မန္တလေးလူငယ်သင်တန်းကျောင်းမှာ ထမင်းစားဆောင် (၁)ဆောင်၊ ဧည့်တွေ့ဆောင် (၁)ဆောင်၊ ဘက်စုံသုံးခန်းမ (၁)ဆောင်တို့ကို ဆောက်လုပ်နိုင်ရေးအတွက် လည်း ကောင်း၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှာ ကျောင်းသားအိပ်ဆောင်သစ် (၄) ဆောင်ကို ချိန်းလင့်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း၊ ထမင်းစားဆောင် (၁)ဆောင်၊ ဧည့်တွေ့ ဆောင်(၁)ဆောင်တို့ကို ဆောက်လုပ်နိုင်ရေးအတွက်လည်းကောင်း၊ သန်လျင်လူငယ်သင်တန်း ကျောင်းတွင် (၄)ထပ် အဆောက်အဦ ဆောက်လုပ်ပြီးစီးလို့ရှိရင် လစ်လပ်လာမည့် လက်ရှိ အိပ်ဆောင် (၁)ဆောင်ကို အားကစားခန်းမအဖြစ် ပြုပြင်သုံးစွဲနိုင် ရန်အတွက်လည်းကောင်း၊ မွန်ပြည်နယ် လူငယ်သင်တန်းကျောင်းတွင် ကလေးဦးရေ(၁၅၀)ဆံ့ (၂)ထပ်ဆောင် (၁)ဆောင် ထပ်မံဆောက်လုပ်နိုင် ရေးအတွက်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှာ မြေနေရာ ရရှိပါက လူငယ်သင်တန်းကျောင်း (၁)ကျောင်းတို့ကို လာမည့် ၂၀၂၀-၂၀၂၁ ခု၊  ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ တင်ပြတောင်းခံ၍ ရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေး သွားမှာဖြစ်သကဲ့သို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ အခန်း(၂၀)၊ အခြား နည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း အပိုင်းရှိ ပုဒ်မ(၇၁)မှ (၇၇)တို့အရလည်းကောင်း၊ ဥပဒေတွင်ပြဋ္ဌာန်းထားတဲ့ လုပ်ပိုင်ခွင့်များနဲ့အညီ  တရားရုံးများနှင့် ရဲတပ်ဖွဲ့တို့က လိုက်နာ ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ အမှုများကို ပိတ်သိမ်းနိုင်ပြီး ဆုံးဖြတ်ချက်သည် အပြီး အပြတ်ဖြစ်စေသည်အထိ လုပ်ပိုင်ခွင့် ရရှိထားတဲ့ မြို့နယ်ညှိနှိုင်းဖြေရှင်းရေးအဖွဲ့များကို အမြန် ဖွဲ့စည်းပြီး ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အမြန်အကောင်အထည်ဖော်ပြီး သင်တန်းသားဦးရေ များပြားနေမှုများကို အမြန်ဆုံး ဖြေရှင်းပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

          အားလုံးကို ကျေးဇူးတင်ပါတယ်။

 

အမှတ်စဉ်(၂)။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေ၏ ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြားချက်

၁။      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လေ့လာတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ ပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ် ပါတယ်။

၂။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေ၏ “ရမ်းဗြဲမြို့နယ်၊ သင်္ကနက် ကျေးရွာတွင် တည်ဆောက်ထားသော Cyclone Shelter အား ပြီးပြတ်အောင် တည်ဆောက် မပေးမှုနှင့်စပ်လျဉ်း၍ သိရှိလိုခြင်း” မေးခွန်းနဲ့စပ်လျဉ်းပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ်ပြီး ကျွန်တော့အနေနဲ့ ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။

၃။      ရခိုင်ပြည်နယ်သည် နှစ်စဉ် နှစ်တိုင်း မုန်တိုင်းနှင့်   ရေဘေးအန္တရာယ်များကို   ကြုံတွေ့နေရတဲ့ ဒေသဖြစ်တာကြောင့်   မုန်တိုင်းဒဏ်ခံ (Multi- purpose Shelter, School Cum Shelter ,Cyclone Shelter)အဆောက်အဦများအား နိုင်ငံတော်မှ ဦးစားပေးတည်ဆောက်ပေး လျက်ရှိပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ Cyclone Shelter များ ဆောက်လုပ်ပေးနိုင်ရေး အတွက် ဘတ်ဂျက်နှစ်အလိုက် ဦးစားပေးသတ်မှတ်ဆောင်ရွက်လျက်ရှိပြီး အရေးကြီးလိုအပ် ချက်များအတွက် ပြည်နယ်အစိုးရအဖွဲ့ရဲ့ တင်ပြချက်များအပေါ် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြပြီး ကော်မတီရန်ပုံငွေနဲ့ ဦးစားပေးဆောင်ရွက် လျက်ရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point  အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

၄။      မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့်နေရာတွေမှာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြမှုများကို စိစစ်၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ မုန်တိုင်းဒဏ်ခံ အဆောက်အဦ များကို တည်ဆောက်ပေးလျက်ရှိရာမှာ ၂၀၁၈ ခုနှစ်အတွင်းမှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့နဲ့ ဧရာဝတီတိုင်းဒေသကြီး စတဲ့ ပြည်နယ်/ တိုင်းဒေသကြီး (၄)ခုမှာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ လမ်းညွှန်မှုဖြင့် Shelter (၈၇)လုံး တည် ဆောက်ပေးနိုင်ရေးအတွက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကျွန်တော်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့ ဦးဆောင်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့တင်ဒါကော်မတီကို ဖွဲ့စည်းပြီး နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နဲ့အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ရာမှာအဆိုပါ(၈၇)လုံးအနက် ရခိုင်ပြည်နယ်အတွက်(၂၆)လုံးကို ကုမ္ပဏီ (၁၄)ခုက တင်ဒါအောင်မြင်ခဲ့ပြီး လုပ်ငန်းစာချုပ် ချုပ်ဆို၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါတယ်။

၅။      ရခိုင်ပြည်နယ်အတွင်း တည်ဆောက်တဲ့ Shelter (၂၆)လုံးအနက် (၁၀၀%) တည်ဆောက်ပြီးစီး တဲ့  Shelter မှာ (၁၁)လုံး ဖြစ်ပြီး၊ ( ၅၀% ) အတွင်း သာ ပြီးစီးတဲ့ Shelter မှာ (၁၄) လုံးဖြစ်၍ ကျန် Shelter (၁)လုံးမှာ ဆောက်လုပ်မည့်နေရာ ပြောင်းလဲသတ်မှတ်လျက်ရှိတဲ့အတွက် လုပ်ငန်း မစတင်နိုင်သေးပါ။ ( ၅၀% ) အတွင်း၌သာ ပြီးစီးတဲ့ Shelter (၁၄)လုံး အနက် ရမ်းဗြဲ မြို့နယ်အတွင်းမှာ ကိုယ်စားလှယ်ကြီးတင်ပြတဲ့ သင်္ကနက်ရွာဟောင်းမှာ တည်ဆောက်တဲ့ Shelter (၁)လုံး အပါအဝင် စုစုပေါင်း (၄)လုံး ရှိပါတယ်။ သင်္ကနက်ကျေးရွာရှိ ၎င်း Shelter ကို တင်ဒါအောင်မြင်ခဲ့တဲ့ ရမ်းဗြဲရွှေမြေကုမ္ပဏီက ဆောက်လုပ်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်း များ ပြီးစီးအောင်ဆောင်ရွက်ရန် ငွေကြေးအခက်အခဲများကြောင့် ဆက်လက်ဆောင်ရွက်နိုင် ခြင်း မရှိတဲ့အတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့က လုပ်ငန်းပြန်လည်အပ်နှံခွင့်တင်ပြခဲ့ ပါတယ်။

၆။      ဒီ Shelter တည်ဆောက်ခြင်းလုပ်ငန်းကို ကုမ္ပဏီနဲ့ ဌာနတို့က ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက် နေ့က သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှာ Shelter တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုများကို ကုမ္ပဏီက တင်ပြလာမှုအရ ပထမအရစ် (၂၅%) နှင့် ဒုတိယအရစ်(၂၅%)ကျသင့်ငွေများကို Third Party ထောက်ခံချက်၊ ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထောက်ခံချက်၊ ပြည်နယ်တည် ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီတို့၏ ထောက်ခံချက်များနှင့်အတူစာချုပ်ပါ စည်းကမ်းများအရ ကုမ္ပဏီသို့ ပေးချေခဲ့ပါတယ်။

၇။      ရမ်းဗြဲရွှေမြေကုမ္ပဏီက Shelter တည်ဆောက်ရာမှာ မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ဆောက်လုပ်ရေးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုကြောင့် လည်းကောင်း၊ ဒီဇိုင်းပုံစံပြောင်းလဲမှု ကြောင့်လည်းကောင်း ငွေကြေးအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့အတွက် အဆိုပါ Shelter ကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် လုပ်ငန်းပြန်လည်အပ်နှံခွင့်ပြုပါရန် တင်ပြ လာတဲ့ကိစ္စနဲ့စပ်လျဉ်း၍ ကုမ္ပဏီနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ရဲ့ အပိုဒ်(၂၃)၊ အပိုဒ်ခွဲ (ဃ)မှာ “သတ်မှတ်ထားသည့်ကာလအတွင်း လုပ်ငန်း၏ မူလရည်မှန်းချက်များကို အကောင်အထည် ဖော်နိုင်စွမ်းမရှိသည့်အခါ” စာချုပ်ရပ်စဲမည်ဟု ပါရှိပြီး အပိုဒ် (၁၅)အရ ကုမ္ပဏီက Shelter တည်ဆောက်ခြင်းအတွက် ပေးသွင်းထားတဲ့ တင်ဒါအာမခံကြေး Performance Guarantee (PG)(၅%)ကိုဘဏ်မှထုတ်ယူ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ အပ်နှံနိုင်ရေးအတွက် စာချုပ်ရပ်စဲပြီး စည်းကမ်းချက်များနဲ့အညီ ဆက်လက်ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။

၈။      ရမ်းဗြဲရွှေမြေကုမ္ပဏီအား နိုင်ငံတော်အဆင့် အမည်ပျက်စာရင်း (Black List) ထည့်သွင်း သတ်မှတ်သွားနိုင်ရေးအတွက်ကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ Shelter တည်ဆောက်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်မှု မရှိဘဲ ပြန်လည် အပ်နှံလာတဲ့ကိစ္စနှင့်စပ်လျဉ်း၍ ကုမ္ပဏီနှင့် ဌာနတို့ အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက စာချုပ်ရဲ့ အပိုဒ် (၂၀) အရ တရားရုံးရဲ့ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်တဲ့အတွက် အဆိုပါ ကုမ္ပဏီအား လုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၉။      သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနဲ့စပ်လျဉ်း၍ သင်္ကနက် ကျေးရွာ Shelter ကို ယခု ပွင့်လင်းရာသီမှာ ဆောက်လုပ်ပြီးစီးနိုင်ရေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ တင်ဒါကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ပေါင်းစပ်ဆောင်ရွက်ထားရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

          အားလုံးကိုကျေးဇူးတင်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

အမှတ်စဉ်(၃)။ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပဲခူးတိုင်း ဒေသကြီး၊ မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းအောင်စိုး၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျာ    ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းအောင်စိုး၏ “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော မူကြိုကျောင်းများနှင့် ပြင်ပပုဂ္ဂလိက မူကြိုကျောင်းများတွင် သင်ရိုးညွှန်းတမ်း စနစ်တကျရေးဆွဲထားခြင်း ရှိ/မရှိနှင့် ပြင်ပမူကြို ကျောင်းများကို မည်သည့် ဌာနက၊ မည်ကဲ့သို့ ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်နေပါသနည်း ဆိုသည်ကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျာ Power  Point အသုံးပြုခွင့်ပြုပါရန်နဲ့ အချက်အလက်များ ပြည်စုံစွာ ဖြေကြားနိုင်ရေး အတွက် အချိန်ပို မိနစ်အနည်းငယ်ခန့် ခွင့်ပြုပေးပါရန် တင်ပြအပ် ပါတယ်။

၂။       လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနအနေနဲ့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်ပြီး တင်ပြပါ လုပ်ငန်း(၇)ရပ်ကို ချမှတ်လုပ်ဆောင်လျက်ရှိပြီး ကလေးသူငယ် ဗဟိုချက်ဌာနဖြစ်တာနဲ့ အညီ ရှေးဉီးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်‌ရေး၊ ဖွံ့ဖြိုးရေးနဲ့ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

၃။      ထိုသို့ဆောင်ရွက်ရာမှာ ဌာနအခြေပြုလုပ်ငန်းအနေနဲ့ အသက်(၃)နှစ် ပြည့်ပြီး အသက်(၆)နှစ် မပြည့်သေးသော ရှေးဦးအရွယ် ကလေးသူငယ်များနှင့် အသက်(၅)နှစ်ပြည့်ပြီးသော်လည်း သူငယ်တန်းသို့ အပ်နှံခြင်းမပြုနိုင်သေးသော ရှေးဦးအရွယ်ကလေးသူငယ်များအား ဘက်စုံ ဖွံ့ဖြိုးမှုရရှိစေရန် ဌာနပိုင်မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ပေးခြင်း၊ ရပ်ရွာအခြေပြုလုပ်ငန်း အနေနဲ့ ကိုယ့်အားကိုယ်ကိုးနှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ တည်ထောင်ခွင့်ပြုမိန့်များ  ရရှိရန် ဆောင်ရွက်ပေးခြင်းနဲ့ မိခင် ဝိုင်းများ ဖွင့်လှစ်ပေးခြင်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၄။      လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ၁၉၅၃ ခုနှစ်က စတင်ပြီး နေ့ကလေးထိန်းဌာနများ၊ မူလတန်း ကြိုကျောင်းများကို ဖွင့်လှစ်ပြီး မူကြိုအရွယ် ကလေးသူငယ်များကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း (၃၃၀)အနက် လက်ရှိတွင် မြို့နယ် (၁၀၇) မြို့နယ်၌ မူလတန်း ကြိုကျောင်း (၁၃၃)ကျောင်းကို ဖွင့်လှစ်၍ မူလတန်း ကြိုအရွယ် ကလေးသူငယ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။

၅။      ထိုသို့ဆောင်ရွက်လျက်ရှိရာမှာ ရှေးဉီးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်‌ရေးနှင့် ဖွံ့ဖြိုးရေး

          ဆိုင်ရာ နည်းစနစ်များနဲ့အညီ စနစ်တကျ ပြုစုပျိုးထောင်ရန်အတွက် အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအတွက် မူကြိုသင်ရိုးညွှန်းတမ်းနှင့်သင်ရိုးမာတိကာများကို ခေတ် ကာလနဲ့လျော်ညီစွာ ပြုစုပြဋ္ဌာန်းနိုင်ရန်နဲ့ တစ်နိုင်ငံလုံးရှိ မူလတန်းကြိုကျောင်းများအား တစ်ပြေးညီဖြစ်စေရန် ရည်ရွယ်ပြီး ၂၀၀၇ ခုနှစ်မှာ အသက်(၃)နှစ် မပြည့်မီ ကလေးများ ဘက်စုံဖွံ့ဖြိုးရေးလမ်းညွှန်၊ မူလတန်းကြိုအရွယ်ကလေးများ ဘက်စုံဖွံ့ဖြိုးရေး သင်ရိုးညွှန်းတမ်း နှင့် သင်ရိုးမာတိကာ၊ ၂၀၀၉ ခုနှစ်မှာ အသက် (၃)နှစ်မှ (၅)နှစ်အရွယ်ကလေးများ ဘက်စုံဖွံ့ဖြိုး ရေး ဆရာလမ်းညွှန်တို့ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။

၆။      ဒါ့အပြင် လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ စင်္ကာပူနိုင်ငံ Singapore Inter-national Foundation (SIF) အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များရဲ့ နည်းပညာပံ့ပိုးမှုဖြင့် ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဆိုင်ရာလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသော ဌာနအဖွဲ့အစည်းများနဲ့ ပူးပေါင်းရေးဆွဲထားတဲ့ မူကြိုဆရာမများအတွက် အရင်းအမြစ်စာအုပ်ကို ၂၀၁၅ ခုနှစ်မှာ ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။

၇။      ကလေးများအား ပြုစုပျိုးထောင်ရေး နည်းစနစ်များအနေနဲ့ ကလေးကို ဗဟိုပြုသော ကလေး ကိုယ်တိုင် ပါဝင်စေသော သင်ယူမှုနည်းစနစ်ကို အခြေခံပြီး စိတ်ချလုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သင်ယူရန် နေရာများ ထားရှိ စေခြင်း၊ ကလေးများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ကစားခြင်း နည်းလမ်းများဖြင့် သင်ကြားလေ့ကျင့်ပေးလျက်ရှိပါတယ်။ တစ်နေ့တာအတွက် နံနက်(၉) နာရီခွဲမှ ညနေ(၃)နာရီခွဲ အထိ (၆)နာရီကြာ သင်ကြားမှု အချိန်ဇယားအရ နေ့စဉ်အနေနဲ့ ကလေးများ စုပေါင်းသီချင်းဆို ခြင်း၊         ကစားခြင်း၊ ကိုယ်လက်သန့်စင်ခြင်း၊ နေ့လည်စာနဲ့ ဖြည့်စွက်စာကျွေးခြင်း၊ အိပ်စက်ခြင်း တို့အပြင် သတ်မှတ်နေ့အလိုက် အခြေခံသင်္ချာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဘာသာစကား၊ ပတ်ဝန်းကျင်လေ့လာမှု၊ ပုံပြင်၊ ကဗျာ၊ လက်မှု၊ ပန်းချီတို့ကိုလည်း သင်ကြားပေးလျှက်ရှိပါတယ်။

၈။      ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ၂၀၁၄ ခုနှစ်မှာ ရှေးဉီးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်‌ ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒနဲ့ ဉပဒေကိုလည်းကောင်း၊ ၂၀၁၅ခုနှစ်မှာ နည်းဉပဒေကို လည်းကောင်း၊   ၂၀၁၈ခုနှစ်၊ ဇွန်လ(၆)ရက်နေ့မှာ ပြင်ဆင်သည့် ဉပဒေဖြစ်တဲ့ ရှေးဉီးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်‌ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းဥပဒေကိုလည်းကောင်း အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ ပြင်ဆင်တဲ့ဉပဒေအရ ပုဂ္ဂလိက မူလတန်း ကြိုကျောင်းများနဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက  ဖွင့်လှစ်လျက် ရှိသော မူလတန်းကြိုကျောင်းများကိုလည်း ဉပဒေနဲ့အညီ တည်ထောင် ခွင့်ပြုမိန့်များ ထုတ်ပေးခြင်း၊ နည်းပညာများ ဖြန့်ဝေခြင်း၊  စွမ်းရည် မြှင့်တင်ခြင်း သင်တန်းများပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းပေးခဲ့တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ  ဥပဒေပါ ရည်ရွယ်ချက်များဖြစ်တဲ့ ကလေးသူငယ်များအတွက် အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်

          ပေးရန်နဲ့ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်  အခြေခံ ကျန်းမာရေး၊ အာဟာရ ပြည့်ဝရေး၊ ပညာသင်ယူမှုအခွင့်အလမ်း ရရှိရေး တို့ကိုလည်း ဆောင်ရွက်ပေးလျှက်ရှိပါတယ်။

၉။      ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မ အထောက်အကူပြု ဗဟိုဌာန(ရန်ကုန်)နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် လူမှုဝန်ထမ်းရုံးများမှာ အသက်(၆)လမှ (၃)နှစ် အရွယ်နဲ့ အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ကလေးပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ သင်တန်း၊ မွမ်းမံသင်တန်း၊ နည်းပြသင်တန်းများကို ဌာနမူကြို ဆရာမများနဲ့ ကိုယ့်အားကိုယ်ကိုး မူကြိုဆရာမများကို နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေဖြင့်လည်းကောင်း၊ ပြင်ပမှ ပုဂ္ဂလိက မူကြို ဆရာမများနဲ့ ကလေး ပြုစုစောင့်ရှောက်သူများကို အခပေးသင်တန်းများအဖြစ် နှစ်စဉ်ဖွင့်လှစ် ပေးပြီး မူလတန်းကြိုကျောင်းများရှိ ဆရာမများ၏ အရည်အချင်းများနဲ့ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးလျက်ရှိပါတယ်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း စုစုပေါင်းသင်တန်း(၃၀၈)ကြိမ် ဖွင့်လှစ်ခဲ့ရာမှာ သင်တန်းသား စုစုပေါင်း(၁၁၉၆၂)ဦးကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင် ခဲ့ပါတယ်။

၁၀။    မူလတန်းကြိုကျောင်းများအား စစ်ဆေးမှုနဲ့ပတ်သက်၍ လူမှုဝန်ထမ်း ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့တို့က ရှေးဉီးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်‌ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းဉပဒေနဲ့အညီ နေ့ကလေးထိန်းဌာနများတွင် အသက် (၆)လမှ (၃)နှစ်အရွယ် ကလေး သူငယ်များကိုလည်းကောင်း၊ မူလတန်းကြိုကျောင်းများတွင် အသက်(၃)နှစ် ပြည့်ပြီး အသက်(၆) နှစ် မပြည့်သေးသော ရှေးဦးအရွယ် ကလေးသူငယ် များကိုလည်းကောင်း အသက်အရွယ်များ သတ်မှတ်၍ လက်ခံပြုစုစောင့် ရှောက်စေပြီး သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများနှင့် နေ့စဉ် တစ်နေ့တာ သင်ကြားမှု အချိန်ဇယားနဲ့အညီ စနစ်တကျသင်ကြားစေရေး၊ နေ့ကလေးထိန်း ဌာနများနဲ့ မူလတန်းကြိုကျောင်းများရှိ ကလေးများအား သင်ကြားလေ့ကျင့်မှုများသည် မြန်မာ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနဲ့ ကိုက်ညီစေရေးနဲ့ ငယ်ရွယ်စဉ်ကတည်းက လေးစားလိုက်နာ တတ်ပြီး မိမိပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးခြင်းမှတဆင့် နိုင်ငံနဲ့ လူမျိုးကို ချစ်မြတ်နိုးတဲ့ အခြေခံစိတ်ဓါတ်များ ရရှိစေရေး၊ ရိုးရာယဉ်ကျေးမှုနဲ့ မကိုက်ညီမှုများကို ရှောင်ကြဉ်စေရေးတို့ကို အဓိကထား စစ်ဆေးကြီးကြပ်ပြီး အမြဲမပြတ် အကြံပြုပေးလျက်ရှိပါတယ်။

၁၁။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်ပတ်သက်၍ ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများကတည်ထောင်ဖွင့်လှစ်ထားသော နေ့ကလေးထိန်း ဌာနနှင့် မူလတန်းကြိုကျောင်းများအား ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအရ ကျွန်တော်တို့၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကဉက္ကဋ္ဌနှင့် ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာနက အတွင်းရေးမှူး အဖြစ်ပါဝင်တဲ့ ဗဟိုကြီးကြပ်ရေးအဖွဲ့နဲ့   တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်ဝန်ကြီးချုပ်က

          တာဝန်ပေးအပ်သော ဝန်ကြီးတစ်ဦးဦးက ဉက္ကဌနဲ့ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးတို့က ပါဝင်ဖွဲ့စည်းထားတဲ့ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့တို့က ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကနဲ့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများက တင်ပြလာတဲ့ လျှောက်ထားချက်တွေကို ဥပဒေနဲ့အညီ စိစစ်ပြီး ခွင့်ပြုချက် သက်တမ်းနဲ့ စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုချက် ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းများ   ပြုလုပ်ဆောင်ရွက်နေပါတယ်။    ပြည်တွင်း/ပြည်ပမှပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ် ထားတဲ့ နေ့ကလေးထိန်းဌာနနဲ့မူလတန်းကြိုကျောင်းများ၊ ရပ်ရွာအခြေပြုလုပ်ငန်းနဲ့ အိမ်အခြေပြု လုပ်ငန်းများကို ကြီးကြပ်ခြင်းနဲ့ စစ်ဆေးခြင်း လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်နေ ပါကြောင်းနဲ့ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ အဆိုပါကျောင်းများကို သင်ရိုးညွှန်းတမ်းများနဲ့အညီ စနစ်တကျ လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးနေပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရှင်းလင်းဖြေကြားအပ်ပါတယ်။        

အားလုံးကို ကျေးဇူးတင်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

အမှတ်စဉ်(၄)။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်မှ (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ဆက်လက်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊  တွံတေး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်လွင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်း‌ဖြေကြားချက်

၁။      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လေ့လာတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ကြောင်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ် ပါတယ်။

၂။       ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်မှ (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သို့ ဆက်လက်ထားရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင် ရဲ့ တွံတေးမြို့နယ်အတွင်းရှိ “အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေး ဌာန” အား အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်းကျောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုခြင်းမေးခွန်းနဲ့စပ်လျဉ်းပြီး ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point  အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

၃။      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနရဲ့ လုပ်ငန်းတာဝန်ကြီး(၇)ရပ်မှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအား ဆောင်ရွက်လျှက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟန်းမြို့နယ်မှာ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း ()ကျောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဌာန ()ခု၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း ()ကျောင်းနဲ့ တွံတေးမြို့နယ်မှာ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန ()ခုဖွင့်လှစ်ပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

၄။      လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန (တွံတေး) မှာ အကျဉ်းဦးစီးဌာနက လွှဲပြောင်းပေးပို့ လာတဲ့ HIV ရောဂါပိုးရှိသူ အကျဉ်းကျ အမျိုးသမီး တွေကို လူမှုဝန်ထမ်းဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ လက်ခံစောင့်ရှောက်တဲ့နေရာဖြစ်ပြီး ကျောင်းရှိ လက်ခံနိုင်သည့် ဦးရေကတော့ (၁၀၀)ဦးဆံ့ဖြစ်ပါတယ်။ ကိုယ်စားလှယ်ကြီး ဆွေးနွေးထားသည့်အတိုင်း လက်ရှိမှာ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းမှ HIV ရောဂါပိုးရှိ၍ ပို့အပ်လာတဲ့ ကျောင်းသူ()ဦးကိုသာ လက်ခံစောင့်ရှောက်ထားပါတယ်။ ကျောင်းသူများရဲ့ စားဝတ်နေရေး ဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊သုံးလုံး ပညာနဲ့ အသက် မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်း၊ နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်း၊ လူ့အသိုင်းအဝိုင်းအတွင်း ဝင်ဆံ့နိုင်စေရန်

          စိတ်ဓါတ် ပိုင်းဆိုင်ရာ ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၅။      ၎င်းဌာနမှာ ဖွဲ့စည်းပုံအရ ခန့်ပြီးဝန်ထမ်း (၁၇)ဦးရှိသော်လည်း အခြားကျောင်းများသို့ တွဲဖက် တာဝန်ချထားသည့်ဝန်ထမ်း (၁၀)ဦးရှိသည့်အတွက် လက်ရှိမှာ ဝန်ထမ်း (၇) ဦးနဲ့ တွံတေး၊ ဆိပ်ကြီးခနောင်တိုနဲ့ ကွမ်းခြံကုန်းမြို့နယ်တို့မှာ ဦးစီးဌာနရဲ့လုပ်ငန်းတာဝန်များကို ဆောင်ရွက် လျက်ရှိပါတယ်။

၆။      အဆိုပါ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာန(တွံတေး)ကို ယခုအခါ ကျွန်တော်တို့ ဝန်ကြီး ဌာနက ရေးဆွဲလျက်ရှိသော ပြည့်တန်ဆာဆိုင်ရာဥပဒေမှာ ပါဝင်သော လိင်လုပ်သားများနဲ့ ပတ်သက်၍ ပြုစုစောင့်ရှောက်ရေးဌာန အသစ်တစ်ခုအနေနဲ့ ပြောင်းလဲဖွင့်လှစ်ရန် လျာထား စီစဉ်လျက်ရှိပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ၁၉၄၉ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအား ပြည့်တန်ဆာဆိုင်ရာဥပဒေအဖြစ် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ပြင်ဆင်ရေးဆွဲလျက်ရှိရာ ဥပဒေ (မူကြမ်း)မှာ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ လိင်လုပ်သား များရဲ့ လူမှုဘဝရပ်တည်နိုင်ရေး စိတ်ပိုင်း၊ ရုပ်ပိုင်းပြန်လည်ထူထောင်ပေးခြင်း၊ အသက် မွေးဝမ်းကျောင်းပညာသင်ကြားပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေရေးရာဝန်ဆောင်မှုများ လက်လှမ်းမီ ရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ကို သင်တန်းကျောင်း ဖွင့်လှစ် ဆောင်ရွက်ပေးရန် ထည့်သွင်းရေးဆွဲထားပါတယ်။

၇။      သို့ဖြစ်ပါ၍ အဆိုပါ ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးပါက လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်း ထားသော အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန တွံတေးကို အဆိုပါ အမျိုးသမီးများ၏ ဘဝ ရပ်တည်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲစောင့်ရှောက်၍ အသက်မွေးဝမ်းကျောင်းနဲ့ ပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ်သွားရန် လျာထားစီစဉ်ထားရှိပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့်  ရှင်းလင်းဖြေကြားအပ်ပါတယ်။

          အားလုံးကို ကျေးဇူးတင်ပါတယ်။

 

 

 

 

 

 

 


MOS

DSW

DDM

DOR