လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
အဆိုအကြောင်းအရာ
မှတ်ချက်
ဒုတိယဝန်ကြီးလူမှု/ကယ်ဆယ်(၇-၉-၂၀၁၈)
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ကြမ်းအား ပြည်သူ့လွှတ်တော်က ဆွေးနွေးစဉ်း စားရန် အဆိုတင်သွင်းခြင်း။


အမှတ်စဉ်(၁) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းခြင်း

- လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ ပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ် ပါတယ်။ 

- ကျွန်တော့်အနေနဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် က ဆွေးနွေးစဉ်းစားသွားနိုင်ပါရန် အဆိုတင်သွင်းမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ အဆို မတင် သွင်းခင်မှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း၏ ရည်ရွယ်ချက်၊ ကျိုးကြောင်း ဖော်ပြချက်နှင့် အကျိုးကျေးဇူးတို့ကို ရှင်းလင်းတင်ပြခွင့်ပြုပါရန်နှင့် Power Point အသုံးပြုခွင့် ပြုပါရန် တင်ပြအပ်ပါတယ်။

ရည်ရွယ်ချက်အနေနဲ့

- ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ  ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေး ရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ် စောင့်ရှောက်ရန်၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်းရရှိရေးအပါအဝင် လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ရန်၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်း ခံရသော ကလေးသူငယ်များအား နိုင်ငံတော်၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်မှုခင်းကို သီးခြားစစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သော ကလေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရန်၊  ကလေးသူငယ်အားလုံးကို  တည်ဆဲဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာ အခွင့်အရေးနှင့် အကာအကွယ်တို့ တန်းတူညီမျှမှုရှိစေပြီး ခွဲခြားဆက်ဆံခြင်း မပြုစေရန် အလို့ငှာရေးဆွဲထားရှိ ပါတယ်။ 

ကျိုးကြောင်းဖော်ပြချက်အနေနဲ့

- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း(Convention on the Rights of the Child- CRC) အဖွဲ့ဝင်နိုင်ငံအဖြစ်  ၁၉၉၁ ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး CRC ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကလေး သူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေ အား ထုတ်ပြန်ခဲ့ပါတယ်။

- မြန်မာနိုင်ငံသည် CRCအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မိမိတို့နိုင်ငံအတွင်းရှိ ကလေးသူငယ်များ နှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား UNCRC ကော်မတီသို့ အစီရင်ခံစာ များ ပေးပို့တင်ပြရာတွင် UNCRC  ကော်မတီမှ မြန်မာနိုင်ငံမှ တင်သွင်းသည့် အစီရင်ခံစာများ အပေါ် သုံးသပ်ချက်များ၊ အကြံပြုချက်များ ပေးသဖြင့် အဆိုပါ အကြံပြု ချက်များနှင့် ကိုက်ညီမှုရှိ စေရန်အတွက်လည်းကောင်း၊ လက်ရှိခေတ်ကာလနှင့် လျော်ညီမှုရှိစေရန်အတွက်လည်းကောင်း၊ မိမိတို့နိုင်ငံအတွင်းရှိ ကလေးသူငယ်များအား ဥပဒေကြောင်းအရ ပိုမိုကာကွယ်မှုများပေးနိုင်ရန် ရည်ရွယ်၍လည်းကောင်း၊ လက်ရှိနိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု များနှင့်အညီ အစိုးရဌာနများအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများပေါ် ပိုမိုမြှင့်တင် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍လည်းကောင်း ၁၉၉၃ခုနှစ်၊ ကလေးသူငယ်ဥပဒေအား ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအဖြစ် အသစ်ပြန်လည်ရေးဆွဲခြင်း ဖြစ်ပါတယ်။ 

ဤဥပဒေကို ပြဋ္ဌာန်းခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကတော့

- ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြု ပြဋ္ဌာန်းပြီးပါက ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ သုံးသပ်ချက်များ၊ အကြံပြုချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် ကတိပြုချက်များ၊ လက်ရှိမူဝါဒ ဦးတည်ချက်များ၊ လက်ရှိအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများဆိုင်ရာကတိကဝတ်များနှင့် ကိုက်ညီမှုရှိခြင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက် များသည် လက်ရှိနိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် လိုက်လျော ညီထွေမှု ရှိစေခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါတယ်။

- သို့ဖြစ်ပါ၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးပေးနိုင်ပါရန်နှင့် စဉ်းစားပေးနိုင်ပါရန်အတွက် ပြည်သူ့လွှတ်တော်သို့ လေးစားစွာ အဆိုတင်သွင်းအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 

 


MOS

DSW

DDM

DOR