ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်      အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့ရှိ အဏ္ဍဝါလုပ်ငန်းနှင့် ငါးသယ်ဇာတစခန်းတွင် ထိန်းသိမ်းထား ရှိသည့် မြန်မာနိုင်ငံသား (၅)ဦးအား (၂-၁၁-၂၀၂၃) ရက်နေ့တွင် လေကြောင်းအမှတ်၊ 8M 502 ဖြင့် ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်အတိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၃:၁၅) အချိန်တွင် ရောက်ရှိခဲ့ပါသည်။ အဆိုပါ မြန်မာနိုင်ငံသား(၅)ဦးအား လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာလေဆိပ်အဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ လူကုန်တားရဲတပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းရေးအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန ပူးပေါင်းကြိုဆိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ မြန်မာနိုင်ငံသား (၅)ဦး အနက် ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁)ဦး၊ မွန်ပြည်နယ်မှ (၁)ဦး၊ ရခိုင်ပြည်နယ်မှ (၁)ဦး၊ စုစုပေါင်း (၅)ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံသား (၅)ဦးအား ကြိုဆို ဆောင်ရွက်ခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကျားလုံချည်(၅)ထည်၊ တဘက်(၅) ထည်၊ ဆပ်ပြာ (၅)ထောင့်၊ တီရှပ်(၅)ထည်၊ ခရီးစရိတ်(၁၃၅,၅၀ဝ)ကျပ်နှင့် စားစရိတ် (၁၈,၀၀ဝ)ကျပ်၊ စုစုပေါင်း (၁,၃၇၃,၀၀ဝ)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး (၁၇:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထွက်ခွာ၍ ၎င်းတို့၏နေရပ်အသီသီးသို့ ပြန်လည်ထွက်ခွာခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR