ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ တိုင်းဦးစီးမှူးရုံး တာဝန်ရှိသူများနှင့်  ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ (သစ်တပ်၊သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ)ကျေးရွာတို့၌ (၈.၅. ၂၀၂၆)ရက်နေ့၊ (၁၇:၃၀)အချိန်မှ (၁၈:၀၀)အချိန်ထိ ဖြစ်ပွားခဲ့သော  လေဘေးကြောင့်ပျက်စီးခဲ့သော အမိုးလန်နေအိမ်(၄၈)လုံး၊ ပြိုလဲနေအိမ်(၇)လုံးတို့အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို (၉-၅-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၂း၀၀)အချိန်တွင် ဇေယျာသီရိမြို့နယ်၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံးများတွင် ကျေးရွာတာဝန်ခံများနှင့်အတူ လူနေအိမ် (၅၅)လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုးထောက်ပံငွေ(၂,၄၈၀,၀၀၀ိ/-)တို့အားဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source:DDM 

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR