ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၂)ရက်နေ့ (၀၇၃၀)နာရီအချိန်တွင် လားရှိုးမြို့အမှတ်(၇)၊ သံလွင်ရပ်ကွက်၊ နယ်မြေ(၄)၊ အမှတ်(ဆ/၄/၆)ရန်ကင်းလမ်းရှိ  ဒေါ်ရှက်ဖန်၏နေအိမ်၌ လျှပ်စစ်ရေနွေးအိုးတည်ထားရာမှတဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ထရံကာ၊မြေစိုက်(၁)ထပ်နေအိမ်(၁)လုံးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁)စု၊ လူဦးရေ (၂)ဦး မီးဘေးသင့်ခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၁) အိမ်ထောင်စာနှင့် ထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်တို့အား (၁၈-၄-၂၀၂၂) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR