ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၇-၂၀၂၁)ရက်နေ့(၀၆:ဝ၀)နာရီအချိန်ခန့်တွင် မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ​​ကော့ကရင် ကျေးရွာအုပ်စုတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်တစိတ်တစ်ပိုင်းပျက်စီးခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၅၀၀၀ဝ/-)ကျပ် နှင့်လူဦးရေ စုစုပေါင်း(၁)ဦးတို့အတွက်  (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀ဝ/-) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၅၂၁၀ဝ/-)ကျပ်အားလည်းကောင်း (၂၁-၇-၂၀၂၁)ရက်နေ့(၀၇:၃၀)နာရီ   အချိန်ခန့်တွင် ပေါင်မြို့နယ် နတ်ကြီးချောင်ကျေးရွာအုပ်စုတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်တစိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၈)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၄၁၈၀၀ဝ/-)ကျပ် နှင့်လူဦးရေ စုစုပေါင်း(၃၆)ဦးတို့အတွက်  (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅,၆၀ဝ/-) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၄၉၃၆၀ဝ/-)ကျပ်အားလည်းကောင်း  (၂၁-၇-၂၀၂၁)ရက်နေ့(၁၉:၁၀)နာရီ   အချိန်ခန့်တွင် ပေါင်မြို့နယ် ​​မုတ္တမကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်ပြီး  ကုက္ကိုလ်ပင်လဲကျမှု​ကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၂)လုံးနှင့် တစိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၅၆၀၀ဝ/-)ကျပ် နှင့်လူဦးရေ စုစုပေါင်း(၂၆)ဦးတို့အတွက်  (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄,၆၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၁၀၆၀ဝ/-)ကျပ်နှင့် ပြိုကျပျက်စီးခဲ့သည့်လူ​​​ နေအိမ်(၂)လုံးအတွက်ကယ်ဆယ်​ ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု (၂)စုစာတန်ဖိုးငွေစုစုပေါင်း(၉၂၀၇၂/-)ကျပ်အားလည်းကောင်း( ၂၂-၇-၂၀၂၁)ရက်နေ့ (၁၇း၃၀)နာရီ အချိန်ခန့်တွင် ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာအုပ်စုတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်( ၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀၀၀/-)ကျပ်နှင့် လူဦးရေစုစုပေါင်း (၉)ဦး တို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၈၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၉၀၀/-)ကျပ်အားလည်းကောင်း (၂၄-၇-၂၀၂၁)ရက်နေ့ (၀၈း၃၀)နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာအုပ်စု၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်( ၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ( ၉၀၀၀၀/-)ကျပ်နှင့် လူဦးရေစုစုပေါင်း( ၄)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ (၈၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၉၈၄၀၀/-)ကျပ်အားလည်းကောင်း (၂၆-၇-၂၀၂၁)ရက်နေ့ (၁၈:၀၀)နာရီအချိန်ခန့်တွင် ​ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR