ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၅) ရက်နေ့၊ (၁၆:၃၀) နာရီ  အချိန်၌ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပိန်းကန်ကျေးရွာအုပ်စု၊ ပိန်းကန်ကျေးရွာနှင့် လှဘီလူးကျေးရွာအုပ်စု၊ ကျောင်းကန်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးအိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀‌၀ဝ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀၀၀ဝ/-)၊   အိမ်ထောင်စု(၅)စုရှိ လူဦး‌ရေ (၁၆) ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၀၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၀၀၀ဝ/-)နှင့် အိမ်ထောင်စု (၂) စုအတွက် (၂၁၆၀၁၂/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၂) စုစာတို့အား  (၃၀-၇-၂၀၂၅) ရက်နေ့၊  (၁၆:၀၀) နာရီအချိန်တွင် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့‌ပါသည်


Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR