ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စု၊ တိုးကျေးရွာနှင့် ဆားကျင်းကျေးရွာတို့၌ (၂၂-၃-၂၀၂၂)ရက်နေ့တွင် မုန်တိုင်းငယ်လေပြင်းဘေးတိုက်ခတ်မှုများ ဖြစ်ပွားခဲ့မှု ကြောင့် အိမ်ခြေ(၂)လုံး ပြိုကျခြင်း၊ အိမ်ခြေ(၂၇)လုံး အမိုးလန်ပျက်စီးခြင်းနှင့်  ဘေးသင့်ပြည်သူ (၁၁၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း ကျပ်(၈၈၅,၇၀၀/-)အား (၂၃-၃-၂၀၂၂)ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ​ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR