လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တော ကျေးရွာအုပ်စု၊ ပိုးစာတောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံ ပြင်ဆင်နိုင်ရန်အိမ်ထောင်စု(၃၆)လုံးအား ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ အိမ်ထောင်စုအလိုက် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများအား (၂၂.၃.၂၀၂၆)ရက်နေ့၊ (၁၀း၀၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ပြီး နေ့လည် (၁၁း၀၀)အချိန်မှ (၁၂း၃၀)အချိန်ထိ ပိုးစာတောကျေးရွာတွင်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
Source:DDM

