ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ယင်းမာလမ်းသွယ်၊ အိမ်အမှတ် (၂၁/ခ)တွင် (၁၇-၈-၂၀၂၃) ရက်နေ့၊ (၂၀း၂၂) နာရီ အချိန်ခန့်၌ ဘုရားမီးပူဇော်ရာမှ ဝါယာရှော့ဖြစ်၍ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းမှုကြောင့် (အုတ်ညှပ် (၂) ထပ်၊ သွပ်မိုး) နေအိမ် (၁) လုံး (လုံးဝပျက်စီး)ခဲ့သည့် အိမ်ထောင်စု (၂) စုရှိ လူဦးရေ  (၇) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး (၁၄,၇၀ဝ/-)၊ ပစ္စည်းတန်ဖိုး (၁၂၅,၈၃၉/-)ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊  စုစုပေါင်းထောက်ပံ့ငွေ (၃၄၀,၅၃၉/-)  အား (၂၃-၈-၂၀၂၃) ရက်နေ့၊ နံနက် (၉း၀၀) အချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ပြောင်းရွှေ့နေအိမ်များရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အမှတ်-၂၀ (ယောက်သွအင်း) စာသင်ကျောင်းနှင့် အမှတ်-၁၄၀(လက်ပံခါးလှ) စာသင် ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း
ပျဉ်းမနားမြို့နယ်၊ အ.မ.က (သူဌေးကုန်း) စာသင်ကျောင်းနှင့် အ.မ.က(မြောက်လွတ်ကုန်း) စာသင် ကျောင်းတို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

MOS

DSW

DDM

DOR