ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၆.၂၀၂၆)ရက်နေ့တွင် ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းတိုက်ခတ်မှုကြောင့်လည်းကောင်း၊ ခဲတောက်ကျေးရွာအုပ်စု၊ ကျုံဝိုက်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့်လည်းကောင်း ၊ဂျိုင်းကျေးရွာ၌ မိုးကြိုးပစ်ချမှုကြောင့်လည်းကောင်း၊ လူနေအိမ်(၁၅)လုံးတစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၇၅၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၇၈)ဦး တို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃၉၀,၀၀ဝိ/-)၊ ထောက်ပံ့ငွေ စုစုပေါင်း (၁,၁၄၀,၀၀ဝိ/-)အား (၈-၆-၂၀၂၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ပါသည်။

  1. Source:DDM


    နောက်ဆုံးရသတင်းများ

    ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

    MOS

    DSW

    DDM

    DOR