ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၃-၁၁- ၂၀၂၃) ရက်နေ့၊ (၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီအချိန်အထိ‌‌ မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးကျေးရွာအုပ်စု/ရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူအင်အား (၁၂၀)ဦးခန့်တို့အား သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များကို အသိပညာပေး သရုပ်ပြဟောပြောဆွေးနွေးပြီး ဘောပင် နှင့် လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ အမေးအဖြေများပြုလုပ်ဆွေးနွေးပြီး ဗလာစာအုပ်များ ဝေငှပေး ခြင်း၊​ ကျောင်းအုပ်ဆရာကြီးထံသို့ လေပြင်းဘေးဗီနိုင်းနှင့် ငလျင်ဘေးပိုစတာပေးအပ်ခြင်းများ ဆောင်ရွက် ခဲ့ပြီး အဆိုပါဆွေးနွေးဟောပြောပွဲသို့ မီးသတ်ဦးစီးဌာန၊ပြန်ဆက်ဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ပါသည်။


Source: DDM

 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR