ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် နီကိုဘားကျွန်းရှိ ပိုးဘလဲအကျဉ်းထောင်၌ သတ်မှတ်ပြစ်ဒဏ်ကျခံ ပြီးနောက် လွတ်‌မြောက်လာသည့် မြန်မာနိုင်ငံသား (၄၂)ဦးနှင့် နီကိုဘားကျွန်းတောင်ဘက်တွင် ရေမျောနေသဖြင့် အိန္ဒိရေယာဉ်မှ ကယ်ဆယ်ခဲ့သည့်  မြန်မာရေလုပ်သား(၁)ဦး၊ စုစုပေါင်း (၄၃)ဦးတို့သည် (၂၄-၁၁-၂၀၂၂) ရက်နေ့ (၂၁:၂၀) အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ‌လာသော  မြန်မာနိုင်ငံသား(၄၃)ဦးအား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး-(ကျားလုံချည်၊တီရှပ်၊ထဘက်၊ဆပ်ပြာ)၊ ခရီးစရိတ်နှင့် စားစရိတ် စုစုပေါင်း (၁၀၆၁၀၀၀/-) တို့အား ဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR