ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

 ဟင်္သာမြို့နယ်၊ အိပ်ပျက်​ကျေးရွာအုပ်စု၊ ​ဖောင်ဆိပ်​ကျေးရွာ၌ (၂-၉-၂၀၂၁) ရက်​နေ့မှ (၅-၉-၂၀၂၁) ရက်​နေ့အထိ ဖြစ်ပွားခဲ့​သော ကမ်းပြို​ဘေး​ကြောင့်  ​ရွှေ့​ပြောင်းအိမ်​ခြေ(၇၅)လုံးအတွက် အိမ်​ဆောက်ပစ္စည်းရန်ပုံ​ငွေ (၇,၅၀၀,၀၀၀) ကျပ်၊ လူဦး​ရေ (၂၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံ​ငွေ (၅၈၁,၇၀၀) ကျပ်၊ စုစု​ပေါင်းရန်ပုံ​ငွေ (၈,၀၈၁,၇၀၀) ကျပ်နှင့် Surgical Masks (၅၅၄) ခုတို့အား လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၂၁) ရက်​နေ့ (၁၄:၃၀) နာရီတွင် ခရိုင်သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယခရိုင်အုပ်ချုပ်​ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ​သို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့​ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR