ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

(၁၀-၇-၂၀၂၁)ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာ၌ ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ဓနိမိုး၊ ထရံကာ၊ ပျဥ်ခင်း နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ရာ အဆိုပါလေဘေးသင့် ပြိုကျပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈,၄၀၀/-)ကျပ်နှင့် (၄၆၀၃၆/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)ပုံးတို့အား (၁၃-၇-၂၀၂၁)ရက်နေ့ (၁၀:၃၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

Sourcd: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR