ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း  (၃-၄-၂၀၂၂) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဝါးခယ်မမြို့နယ်၊ ပိတ္တာလေးကျေးရွာအုပ်စု(ရွာမကျေးရွာ)၊ စော်ကဲကျေးရွာအုပ်စု(ရွာမကျေးရွာ)၊ ရေလယ်ကျွန်းကျေးရွာအုပ်စု(ရေလယ်ကျွန်းကျေးရွာ)နှင့် စံအိပ်ကျေးရွာအုပ်စု(တလိုင်းစုကျေးရွာ၊ အထက်စုကျေးရွာ၊ အောက်စုကျေးရွာ၊ ကြူတောကျေးရွာ)တို့တွင် ပြိုကျပျက်စီးခဲ့သောနေအိမ်(၁၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁၂)စုစာ၊ လူဉီးရေ (၉၃) ဦးတို့အတွက် Surgical Mask (၁၈၆)ခု၊ ဆန်ရိက္ခာရန်ပုံငွေ (၁၉၅,၃၀၀)ကျပ်၊ ပြိုကျပျက်စီးနေအိမ်(၁၂)လုံး၊  တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁,၇၄၀,၀၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁,၉၃၅,၃၀၀) ကျပ်အား (၄-၄-၂၀၂၂) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ ပိတ္တာလေးကျေးရွာအုပ်စုတွင်(၁၆:၀၀)အချိန်၌လည်းကောင်း၊ ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် စော်ကဲကျေးရွာအုပ်စုတွင် (၁၆:၄၅)အချိန်၌လည်းကောင်း၊ စံအိပ်ကျေးရွာအုပ်စုတွင် (၁၇:၃၀)အချိန်၌ ဘေးသင့်ပြည်သူများထံ ကွင်းဆင်းသွားရောက်ထောက်ပံ့ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR