ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်း‌ေဒသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်‌ခွေကျေးရွာအုပ်စု၊ ရွာသစ်‌ကျေးရွာ၊ ငုရွှေဝါ(၂)လမ်း၌ (၂၀-၃-၂၀၂၂)ရက်နေ့၊ (၁၉:၄၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၅)လုံးလုံးဝပျက်စီးခဲ့ပြီး အိမ်ထောင်စု(၈)စုမှ လူဦးရေ(၃၃)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၈)အိမ်ထောင်စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန် အိမ်ထောင်စု (၈)စုအတွက် ဆပ်ပြာ (၈)တောင့်၊ လူဦးရေ(၃၃)ဦးအတွက် Mask (၆၆)ခုတို့အား မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၃-၃-၂၀၂၂)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ယခုအခါထပ်မံ၍ ထောက်ပံ့ရန်ကျန်ရှိသော အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၀၀၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၃၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၆၉၃၀၀/-)ကျပ်တိတိတို့အား မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၈-၄-၂၀၂၂)ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဘားအံမြို့၊ အိန္ဒုဈေး၊ အိန္ဒုကျေးရွာ၊ ခလောက်နို့ကျေးရွာ၊ လှာကဒေါင်ကျေးရွာ၊ နောင်လုံ (အရှေ့၊ ‌အနောက်) ကျေးရွာနှင့် ကော့ကသောင်ကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘားအံမြို့၊ ထုံးအိုင်ဈေး၊ ထုံးအိုင်စံပြကျေးရွာ၊ ကော့ကျိုက်ကျေးရွာ၊ တရုတ်လှစံပြကျေးရွာ၊ ဝါးဆူးကျေးရွာနှင့် ဝင်းကျန်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR