ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာအုပ်စု၊ ငွေသောင်ကျေးရွာတွင် (၂၄-၈-၂၀၂၁)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၂၀)လုံး၊ အိမ်ထောင်စု (၂၀)စုမှ လူဦးရေ (၉၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၀၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၂၀၇,၉၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၂,၂၀၇,၉၀၀ိ/-)ကိုလည်းကောင်း၊ စလင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်း၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာတို့တွင် (၂၅-၈-၂၀၂၁)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၁၈)လုံး၊ အိမ်ထောင်စု (၁၈)စုမှ လူဦးရေ (၈၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၈၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၁၇၂,၂၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၁,၉၇၂,၂၀၀ိ/-)ကိုလည်းကောင်း၊ စလင်းမြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာအုပ်စု၊  ကျောက်ရဲကျွန်းကျေးရွာတွင် (၂၇-၈-၂၀၂၁)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု (၆)စုမှ လူဦးရေ (၁၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၃၉,၉၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၆၃၉,၉၀၀ိ/-)ကိုလည်းကောင်း၊ စလင်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာအုပ်စု၊ ဆင်မကျွန်းကျေးရွာနှင့် သနပ်ကုန်းကျေးရွာအုပ်စု၊ သနပ်ကုန်းကျေးရွာတို့တွင် (၂၈-၈-၂၀၂၁)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၂၂)လုံး၊ အိမ်ထောင်စု (၂၂)စုမှ လူဦးရေ (၁၂၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၂၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၂၆၂,၅၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၂,၄၆၂,၅၀၀ိ/-)ကိုလည်းကောင်း၊ စလင်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာအုပ်စု၊ ဆင်မကျွန်းကျေးရွာတွင် (၂၉-၈-၂၀၂၁)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၂၀)လုံး၊ အိမ်ထောင်စု (၂၀)စုမှ လူဦးရေ (၉၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၀၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၁၉၅,၃၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၂,၁၉၅,၃၀၀ိ/-)ကိုလည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများက(၃၁-၈-၂၀၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး စုစုပေါင်းထောက်ပံ့ရန်ပုံငွေမှာ (၉,၄၇၇,၈၀၀ိ/-)ဖြစ်ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှု သတင်း

MOS

DSW

DDM

DOR