မီးဘေးထောက်ပံ့မှုသတင်း
                                  
                                    ၂၄ အောက်တိုဘာ ၂၀၂၃                                   
                                  
                                 
                               
                             
                            
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ နယ်မြေ(၁၁/ခ)၌
(၂၁.၁၀.၂၀၂၃)ရက်နေ့၊ (၁၈:၅၀)အချိန်ခန့်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သောနေအိမ်(၁)လုံးအတွက်
အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ
(၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၅၈၄၀ဝိ/-)အား (၂၃.၁၀.၂၀၂၃)ရက်နေ့၊ (၁၁:၃၀)အချိန်တွင်
ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ပါသည်။ 
 
Source: DDM