ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတွေကျေးရွာ အုပ်စု၊ သရက်ချိုကျေးရွာ၌ (၂၈--၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံး ခဲ့သည့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ  လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၀၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၃၁၄,၇၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၂)အိမ်ထောင်စာ၊ အဝတ် Mask (၁၄)ခုတို့အားလည်းကောင်း  (၁၀--၂၀၂၂)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်    အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁) စုမှ  လူဦးရေ (၄)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၈,၄၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၁)အိမ်ထောင်စာ၊ အဝတ် Mask (၈)ခုနှင့် ပင်းဇင်း ကျေးရွာအုပ်စု၊ ရွာတော်ကုန်းကျေးရွာ၌ (၃၀-၄-၂၀၂၂)ရက်နေ့တွင် မိုးရွာသွန်းပြီး မိုးကြိုးစက်ကွင်းမိမှု ကြောင့် ဒဏ်ရာရရှိခဲ့သည့် လူနာ (၁)ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ (၅၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၅၇၃,၁၀ဝ/-) (ကျပ်ငါးသိန်းခုနှစ်သောင်းသုံးထောင်တစ်ရာတိတိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၃)အိမ်ထောင်စာ၊ အဝတ် Mask (၂၂) ခုတို့အား (၂၉--၂၀၂၂)ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် ဝက်လက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR