လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဥတ္တရ ခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာအုပ်စု၊ သာယာအေးကျေးရွာ၌ (၁၀.၃.၂၀၂၆)ရက်နေ့ (၁၇း၂၅)အချိန်ခန့်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သော လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ(၂၅၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၅၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂၁၅၃၅၆/-)၊ (၂)အိမ်ထောင်စုစာတို့အား (၁၁.၃.၂၀၂၆) ရက်နေ့၊ (၁၀း၀၀)အချိန်တွင် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။
Source:DDM


