ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာမြို့နယ်၊ အိပ်ပျက်​ကျေးရွာအုပ်စု၊ ​ဖောင်ဆိပ်​ကျေးရွာ၌ ဖြစ်ပွားခဲ့​သော ကမ်းပြို​ဘေး​ကြောင့် (၂.၉.၂၀၂၁)ရက်​နေ့တွင် ​ရွှေ့​ပြောင်းအိမ်​ခြေ(၆)လုံးအတွက် အိမ်​ဆောက်ပစ္စည်းရန်ပုံ​ငွေ(၆၀၀၀၀၀)၊လူဦး​ရေ (၂၅)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံ​ငွေ (၅၂၅၀၀)၊စုစု​ပေါင်းရန်ပုံ​ငွေ(၆၅၂၅၀၀)နှင့် လူဦး​ရေ (၂၅)ဦးအတွက် Surgical Masks (၅၀)ခုတို့အား (၄.၉.၂၀၂၁)ရက်​နေ့(၁၂:၃၀)နာရီတွင် ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့်အတူ ​ဘေးသင့်ပြည်သူများထံ​သို့ထောက်ပံ့​ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR