လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၅) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်၌ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာတွင် လေပွေတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးအိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀ဝိ/-)၊ အိမ်ထောင်စု (၁၂) စုရှိ လူဦးရေ (၄၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၂၅၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၅၀၀ဝိ/-)နှင့် အိမ်ထောင်စု (၂) စုအတွက် (၂၁၆၀၁၂/-) တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၂) စုစာတို့အား (၂၉-၇-၂၀၂၅) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ကျောက်တန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM