ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃.၇.၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာအုပ်စု၊ ကျေးရွာအနောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးများလန်ထွက်ပျက်စီး ပျောက်ဆုံးခဲ့ သည့် လူနေအိမ်(၁၂)လုံးမှ အိမ်ထောင်စု(၁၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၂၅,၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ(၄၇)ဦး အတွက်(၇)ရက်စာ ဆန်ဖိုးငွေ(၉၈,၇၀ဝိ/-)အားလည်းကောင်း၊ မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ မြိုင်ကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်အမိုးများ လန်ထွက်ပျက်စီးပျောက်ဆုံးခဲ့သည့် လူနေအိမ်(၃)လုံးမှ အိမ်ထောင်စု(၃)စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၅,၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ(၁၄)ဦး အတွက်(၇)ရက်စာ ဆန်ဖိုးငွေ(၂၉,၄၀ဝိ/-)တို့အား (၂၆.၇.၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR