ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၄) ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှ (၁၀:၃၀)နာရီအချိန်ထိ ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန်မူကြိုကျောင်း၌ ကျောင်းသား/သူ (၃၀)ဦးတို့အားလည်းကောင်း၊ (၁၃:၃၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်ထိ၊ ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်း၌ ကျောင်းသား/သူ(၆၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၉၀)ဦးတို့အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး နံရံကပ်ပိုစတာများ ပေးအပ်ခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်း၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR