ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

        ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ သည် Covid-19 စီးပွားရေးကုစားမှုစီမံချက်(CERP)ဖြင့် ဝယ်ယူထားသည့် ဖိုင်ဘာရေတိုင်ကီ (၅)လုံး(ရေတိုင်ကီတစ်လုံးလျှင် ရေဂါလံ(၂၄၀၀)ဆံ့)အား (၇-၉-၂၀၂၂)ရက်နေ့တွင် ကျုံ​ပျော်ခရိုင်၊ ​ကျောင်းကုန်းမြို့နယ်၊ သဲကုန်​ကျေးရွာအုပ်စု၊ အ.မ.က(သဲကုန်)နှင့် ဆိပ်သာ​ကျေးရွာအုပ်စု၊ အ.မ.က(ဆိပ်သာ)တို့၌လည်းကောင်း၊  (၈-၉-၂၀၂၂)ရက်နေ့တွင် ပုသိမ်ခရိုင်၊ သာ​ပေါင်းမြို့နယ်၊ ကြက်သွန်ကွင်း​ကျေးရွာအုပ်စု၊ YGW မိဘမဲ့ပရဟိတ​ကျောင်း၊ ပုသိမ်မြို့နယ်၊ ​ငွေ​ဆောင်မြို့၊ သဇင်​ကျေးရွာအုပ်စု၊ ​ရေသိုး​ကျေးရွာနှင့် ဖုန်းဆိုးကြီး​ကျေးရွာတို့၌လည်း​ကောင်း ကုမ္ပဏီမှ တာ၀န်ရှိသူများနှင့်အတူ ကွင်းဆင်း၍ အသီးသီးတပ်ဆင်​​ဆောင်ရွက်ပေးခဲ့​ပါသည်။

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR