ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးနှင့် သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ဇေယျဝတီ (၃)လမ်း အ‌နောက်တွင်(၁၁-၃-၂၀၂၂) ရက်နေ့၊ (၀၀း၀၃)နာရီအချိန်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လုံးဝပျက်ဆီးအိမ်ခြေ (၁၁)လုံး မီးဘေးသင့်ခဲ့ပြီ အိမ်ထောင်စု(၁၄)စုမှ လူဦးရေ (၅၆)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မီးဘေးသင့်အိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁၄)အိမ်ထောင်စုစာနှင့်ကိုဗစ်၁၉ ကြိုတင်ကာကွယ်ဖို့ အိမ်ထောင်စု (၁၄)စု အတွက် ဆပ်ပြာ (၁၄)တောင့်၊ လူဦးရေ(၅၆)ဦးအတွက် mask (၁၁၂)ခုတို့အား သွားရောက်ထောက်ပံ့ခဲ့ပြီး ယခုအခါထပ်မံ၍ ထောက်ပံ့ရန်ကျန်ရှိသော အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၂၀၀၀၀၀ိ/-) နှင့်လူဦးရေ (၅၆)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၁၇၆၀၀ိ/-)တို့အား နှင့်အတူ (၃၁-၃-၂၀၂၂)ရက်နေ့ (၁၀:၃၀)နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ဘားအံမြို့၊ အိန္ဒုဈေး၊ အိန္ဒုကျေးရွာ၊ ခလောက်နို့ကျေးရွာ၊ လှာကဒေါင်ကျေးရွာ၊ နောင်လုံ (အရှေ့၊ ‌အနောက်) ကျေးရွာနှင့် ကော့ကသောင်ကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘားအံမြို့၊ ထုံးအိုင်ဈေး၊ ထုံးအိုင်စံပြကျေးရွာ၊ ကော့ကျိုက်ကျေးရွာ၊ တရုတ်လှစံပြကျေးရွာ၊ ဝါးဆူးကျေးရွာနှင့် ဝင်းကျန်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR