ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


(၂၆-၇-၂၀၂၁)ရက်နေ့၊ ( ၂၇-၇-၂၀၂၁)ရက်နေ့နှင့် (၂၈-၇-၂၀၂၁)ရက်နေ့တို့တွင် မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စုတွင် ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၂)ခုသို့ရွှေ့ပြောင်းခဲ့ရသည့် အိမ်ခြေ(၂၃)လုံး ၊ အိမ်ထောင်စု (၂၃)စုမှ လူဦးရေ(၁၀၃)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၆,၃၀ဝ/-)ကျပ်နှင့် သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်အတွင်း ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း( ၂)ခုသို့ ရွှေ့ပြောင်းခဲ့ရသည့် အိမ်ခြေ( ၅)လုံး၊ အိမ်ထောင်စု ( ၅)စုတို့မှ လူဦးရေစုစုပေါင်း(၂၈) ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာထောက်ပံ့ငွေ(၅၈၈၀၀/-) ကျပ်တို့အား (၂၉-၇-၂၀၂၁)ရက်နေ့(၁၄း၃၀)နာရီအချိန်ခန့်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဒူးရင်းဆိပ်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR