ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘုတလင်မြို့နယ်၊ မောက်တက်ကျေးရွာ၌ (၉-၄-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ (၄၄) လုံးနှင့် လူဦးရေ (၂၀၉) ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၄၃၈,၉၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၅၀၅,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၉၄၃,၉၀၀/-) ကျပ်တို့အား (၁၄-၅-၂၀၂၁) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်စီမံခန့်ခွဲမှုဥက္ကဌတို့မှ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ မင်းကုန်းကျေးရွာအုပ်စု၊‌ ဆည်ကန် (အနောက်)ကျေးရွာ၌ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR