ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ကွမ်းခြံကုန်းကျးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် (၆-၃-၂၀၂၂) ရက်နေ့၊ (၁၃:၄၅) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံးမီးဘေးသင့်ခဲ့ပြီး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ(၆)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်‌ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၆)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ထောင်စု(၁)စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန်  အိမ်ထောင်စု (၁)စုစာအတွက် ဆပ်ပြာ (၁)တောင့်၊ လူဦးရေ (၆)ဦးအတွက် Mask (၁၂) ခုတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၁၀-၃-၂၀၂၂) ရက်နေ့ (၁၃:၀၀)နာရီ အချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ မြစိမ်းရောင်ကျေးရွာနှင့် နန်းတော်ဦးကျေးရွာတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိ သော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ရှောင်ရန် အချက်များအား အသိပညာ ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR