ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၂၃) ရက်နေ့တွင် မိုးသည်းထည်စွာရွာသွန်း၍ ဒုံသမိချောင်းရေ မြှင့်တက်မှုကြောင့် မြေနိမ့်ပိုင်းလူနေအိမ်များသို့ ချောင်းရေများဝင်ရောက်လာ၍ မွန်ပြည်နယ် သထုံခရိုင်၊ သထုံ မြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ ပြောင်းရွှေ့အိမ်ထောင်စု (၁၂)စုတို့မှ ကျား (၂၁)ဦး၊မ (၂၅)ဦး၊ စုစုပေါင်း (၄၆)ဦးတို့သည် တပ်ဦးဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်း၌လည်းကောင်း၊ သထုံမြို့နယ်၊ ဈေးမသွယ်အထက်ကျေးရွာရှိ ပြောင်း ရွှေ့အိမ်ထောင်စု (၄)စုတို့မှ ကျား (၉)ဦး၊ မ (၇)ဦး၊ စုစုပေါင်းလူဦးရေ (၁၆)ဦးတို့သည် ရန်ကင်းအောင် ဘုန်းကြီးကျောင်း၌လည်းကောင်း၊ စုစုပေါင်းအိမ်ထောင်စု (၁၆)စု၊ ကျား (၃၀)ဦး၊မ (၃၂)ဦး၊ စုစုပေါင်းလူဦးရေ (၆၂)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၁၃၀,၂၀၀/)အား (၇-၈-၂၀၂၃)ရက်နေ့၊ (၁၃း၃၀)နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR