ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကသာမြို့နယ်၊ ကျန်တောကျေးရွာအုပ်စု၊ ကျန်တောကျေးရွာတွင် (၃.၂.၂၀၂၃)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်၌ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်၍ မီးလောင်ရာမှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၈၉၀ဝိ/-)ကျပ်နှင့် အဝတ်(Mask) (၁၈)ခု၊ Family Kit (၂)ပုံးတို့အား (၆.၂.၂၀၂၃)နေ့ (၁၄:၃၀) နာရီအချိန်ခန့်တွင် ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 


Source: DDM


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌ ကျေးရွာများ၌ လေပြင်းဘေးကြိုတင် ပြင်ဆင်နိုင်ရေးအတွက် အိမ်ထောင်စုအလိုက် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း

MOS

DSW

DDM

DOR