ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာ အုပ်စု၊ ဟင်္သာဒုံးကျေးရွာတွင် (၂၃-၉-၂၀၂၁) ရက်နေ့၌ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ နေအိမ် (၉)လုံး)၊ လူဦးရေ (၂၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးငွေ (၅၀,၄၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၉၅၀,၄၀ဝ/-) နှင့် mask (၄၈) ခုအား (၂၅-၉-၂၀၂၁)ရက်နေ့၊ (၀၉း၀၀) နာရီ အချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR