ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၂၂)ရက်နေ့ (၀၁း၁၅)နာရီအချိန်တွင် မုဒုံမြို့နယ်၊ ကမာ ဝက်မြို့၊ကမာဝက်ရပ်ကွက်၊ရှမ်းရွာရပ်၊ရပ်ကွက်(၁၁)တွင် ဒေါ်လှသိန်းနေအိမ် ဖယောင်းတိုင်မီးထွန်းရာမှ မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့မှုကြောင့် လူနေအိမ်(၁၃)လုံးမီးလောင်ဆုံးရှုံးခဲ့ရာ လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁၂)လုံး နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၃၈၀,၀၀၀/-)နှင့် လူဦးရေ(၅၆)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၁၁၇,၆၀၀/-)၊ စုစုပေါင်း(၁,၄၉၇,၆၀၀/-)တို့အား လည်းကောင်း၊ လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၁၂)လုံးမှ အိမ်ထောင်စု(၁၀)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁၀)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)အိမ်ထောင်စာတို့အားလည်းကောင်း၊ (၂၁-၁၂-၂၀၂၂)ရက်နေ့၊ နေ့လည် (၁၂းဝဝ)အချိန်တွင် ပြည်သူ့လက်ဝယ်အရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR