ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ၁၅-‌၆-၂၀၂၅ ရက်နေ့၊ (၁၆:၄၅) နာရီအချိန်တွင် သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သိုက်တူးကန် ကျေးရွာအုပ်စု၊ သိုက်တူးကန်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်  လုံး၀ပျက်စီးအိမ်ခြေ (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀ဝိ/-)၊  တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ‌(၆၅၀၀၀ဝိ/-)၊  လူဦးရေ (၆၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၃၁၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃၆၀၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၄)အိမ်ထောင်စုစာတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ၀န်ကြီးချုပ်ခရီးစဉ်တွင် ရန်ကုန်တိုင်း‌‌ဒေသကြီး၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ၁၆-၃-၂၀၂၆ ရက်နေ့၊  (၀၉:၀၀)နာရီအချိန်တွင်  ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှု သတင်း

MOS

DSW

DDM

DOR