ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၇-၂၀၂၂) ရက်နေ့တွင် ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာကျေးရွာ၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ဘေးသင့်အိမ်‌ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀,၀၀ဝ/-)ကျပ်နှင့်  လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေ(၁၀,၅၀ဝ/-)ကျပ်အားလည်းကောင်း၊  (၁၄-၇-၂၀၂၂)ရက်နေ့တွင် ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာ၌ တောဆင်ရိုင်း၀င်ရောက်မှုကြောင့် လုံးဝပျက်စီးအိမ်ချေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄,၇၀ဝ/ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၂)စုစာအားတို့အား (၁၈-၇-၂၀၂၂)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင်‌ တိုက်ကြီးမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR