ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၂၂) ရက်နေ့ (၀၉း၀၀)နာရီ အချိန်မှ (၁၁း၀၀) အချိန်ထိ မင်းလှမြို့နယ်၊ လက်ဆက်ကျေးရွာအုပ်စု၊ စိန်ကန့်လန့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ အင်အားစုစုပေါင်း (၂၅၀) ဦးခန့်တို့အား ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်ခေါင်းစဉ်ဖြင့် အသိ ပညာပေးဆွေးနွေးဟောပြောပွဲကို သရုပ်ပြဆွေးနွေးဟောပြော၍ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ မုန့်များ‌ဝေငှခြင်း၊ ငလျင်ဘေးဗီနိုင်းနှင့် ပိုစတာများအား ကျောင်းအုပ်ဆရာမကြီးထံသို့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယ မြို့နယ် ပညာရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM

 

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR