ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၇.၂၀၂၁)ရက်နေ့တွင် တနင်္သာရီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့နေထိုင်လျက်ရှိသည့်  အိမ်ထောင်စု (၁၁)စု၊  လူဦးရေ(၄၉)ဦး၊ ပျို့အိုင်ကျေးရွာရှိ အိမ်ထောင်စု(၁)စု၊ လူဦးစု (၅)ဦးနှင့် (၂၈.၇.၂၀၂၁)ရက်နေ့တွင် တနင်္သာရီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် ချောင်းငယ်ရပ်ကွက်ရှိ အိမ်ထောင်စု(၆)စု၊ လူဦးရေ (၂၄)ဦးနှင့် ဘန်းသဲကျေးရွာရှိ အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၉၂)ဦး စုစုပေါင်းလူဦးရေ (၁၇၀)အတွက် ဆန်ရိက္ခာဖိုး (၃၅၇,၀၀၀ိ/-)ကျပ်အား (၂၈.၇.၂၀၂၁)ရက်နေ့ (၁၅း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR