ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၆)ရပ်ကွက်၊ ကုသိန္နာရုံလမ်း၊ ကန်လျားဘုန်တော်ကြီးကျောင်းအနောက်ဘက်၌ (၄-၅-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ (၂၇)ဦးအတွက် Hygiene Kit-E (၅)ပုံး၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၅)ပုံး (၂၃၀၁၈ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၅၆၇၀ဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၁၀၅၆၇၀ဝိ/-)အား (၅-၅-၂၀၂၁)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။ 

Source: EOC


နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR