ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၂၄) ရက်နေ့၊ မနက် (၀၈:၀၀) နာရီအချိန်မှ (၀၉:၃၀) နာရီအချိန်အထိ ကသာမြို့၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရပ်ကွက်နေပြည်သူများအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့၌  စိုးရိမ်ရေအမှတ် (၁၀၄၀) စင်တီမီတာကိုကျော်လွန်၍ (၁၀၅၆)စင်တီမီတာသို့ရောက်ရှိနေသည့်အတွက်  ဧရာဝတီမြစ်ရေကြီး ခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့်ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​​​၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ပင်တောကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစည်းအဝေးခန်းမတွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေအိမ်ပြင်ဆင်ရန် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကျောက်ရေတွင်းကျေးရွာ၊ ဆုတောင်း ပြည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်မှု သတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပါရမီဒေါင့်ကျေးရွာအုပ်စု၊ ကျုံခရီပိုင်းကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR