ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ(တိုင်းအဆင့်)သင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ ပျဥ်းမနားခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ နေပြည်တော်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (ပိုးစာတော၊မသိမ်၊သရက်တော၊စည်ပင်သာ)ကျေးရွာ၊ မိုးစွေကျေးရွာအုပ်စု၊(ပန်းတင်၊မိုးစွေ၊လဲဝန်း)ကျေးရွာနှင့်ဘုရားတောင်ကျေးရွာအုပ်စု၊ ဘုရားတောင်ကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဘားအံမြို့၊ အိန္ဒုဈေး၊ အိန္ဒုကျေးရွာ၊ ခလောက်နို့ကျေးရွာ၊ လှာကဒေါင်ကျေးရွာ၊ နောင်လုံ (အရှေ့၊ ‌အနောက်) ကျေးရွာနှင့် ကော့ကသောင်ကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘားအံမြို့၊ ထုံးအိုင်ဈေး၊ ထုံးအိုင်စံပြကျေးရွာ၊ ကော့ကျိုက်ကျေးရွာ၊ တရုတ်လှစံပြကျေးရွာ၊ ဝါးဆူးကျေးရွာနှင့် ဝင်းကျန်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR