လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၄-၂၀၂၆) ရက်နေ့ (၁၇း၀၀) အချိန်ခန့်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊ အောင်သုခကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပျက်စီးခဲ့သည့် တစ်စိတ်တစ်ပိုင်းနေအိမ် (၂) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) အား (၈-၄-၂၀၂၆) ရက်နေ့၊ (၁၆း၀၀) အချိန်တွင် တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။
Source: DDM


