ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စုရှိ မာဂရီချောင်း ရေလျှံတတ်လာသောကြောင့် (၁၀-၉-၂၀၂၁)ရက်နေ့၊ (၁ဝး၀၀)နာရီအချိန်တွင် ဖလုံဘူတာကျေးရွာအုပ်စု၊ စက်ကြီးကျေးရွာရှိ ဘေးသင့်အိမ်ခြေ(၈၁)လုံး၊ ကျား(၁၄၉)ဦး၊ မ(၁၇၃)ဦး၊ ‌စုစုပေါင်း(၃၂၂)ဦး၊ ညောင်ဝိုင်းကျေးရွာရှိ အိမ်ခြေ(၇၉)လုံး၊ ကျား(၁၅၁)ဦး၊ မ(၁၆၇)ဦး၊ စုစုပေါင်း(၃၁၈)ဦးနှင့် မြို့ကွက်ကျေးရွာမြောက်ခြမ်းရှိ ဘေးသင့်အိမ်ခြေ(၉၉)လုံး၊ ကျား(၁၈၃)ဦး၊ မ(၂၁၈)ဦး၊ စုစုပေါင်း(၄၀၁)ဦး၊ စုစုပေါင်းကျေးရွာ(၃)ရွာတွင် ရေကြီးနစ်မြုပ်၍ ယာယီရွှေ့ပြောင်းလျက်ရှိသည့် အိမ်ခြေ(၂၅၉)၊ ကျား(၄၈၃)ဦး၊ မ(၅၅၈)ဦး၊ စုစုပေါင်း(၁၀၄၁)ဦးတို့အတွတ် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂,၁၈၆,၁၀၀/-)ကျပ်အား (၁၁-၉-၂၀၂၁)ရက်နေ့ (၁၁း၀၀) နာရီအချိန်၌ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းနှင့် (၁၀-၉-၂၀၂၁)ရက်နေ့ (၁၈း၀၀)နာရီအချိန်တွင် ရေများကျဆင်းသွားသဖြင့် ယာယီရွှေ့ပြောင်းသူများသည် မိမိနေအိမ်များသို့ ပြန်လည်ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR